ပို က် ဆံ
ဒုတိယဘုရားသခင်ကို ရှာကြ
ငွေစကြေးစကလေး နဲ့ ဘဝဟာပျော်ကြ
ဂုဏ်တံတိုင်း ငွေတံတိုင်းနဲ့ တိုင်းတာကြ ။
လူက ငွေကို တန်ဖိုးထားတယ်
ငွေက လူကို တန်ဖိုးဖြတ်တယ် ။
မနက်မိုးလင်းတဲ့အခါ
ပဲပြုတ်သည်ကို ငွေပေးရဦးမယ် ။
ပိုက်ဆံစုနေတာ
မွေးကထဲက မပြည့်စုံသေးဘူး လို့
ကိုယ့် အိပ်မက်ထဲ က စုဘူး ကို
ရိုက်ခွဲပစ်မိပါပြီ အမေရေ ။ ။
Ko kyue
18 November 2018