တနင်္ဂနွေသားသမီးများ
ဒီရက်တွေအတွင်းမှာ ကံတော်တော်နိမ့်ပါတယ်။ ဘာမဆို သတိကြီးစွာထားဖို့လိုပါတယ်။ အလုပ်တွေပျက်စီးကုန်တာ၊ အလုပ်ပြုတ်တာမျိုးတွေ ဒီကိန်းမျိုးနဲ့ ပတ်သက်နေလေ့ရှိပါတယ်။ မဖြစ်စလောက်နဲ့ အမှုအခင်းလို ဖြေရှင်းရတဲ့ အခြေအနေမျိုးအထိ ရောက်သွားတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ အရောင်းမှား အ၀ယ်မှားတတ်တယ်။ နေရာထိုင်ခင်းကိစ္စ မထင်မှတ်ပဲ ပြင်ဆင်ပြောင်းရွှေ့ရတတ်တယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ်တာတွေကြောင့် ကျန်းမာရေးထိခိုက်သွားတတ်ပါတယ်။ ငွေကံကလေးကလည်း ကောင်းနေပါတယ်။ အချစ်ရေး အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာရမယ်။ ကံအကျိုးပေးဂဏန်းကတော့ ၂ နဲ့ ၁ ဖြစ်ပါတယ်။
တနင်္လာသားသမီးများ
ဒီရက်တွေအတွင်းမှာ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံလာတတ်ပါတယ်။ အလုပ်နှစ်မျိုး ၀င်ငွေနှစ်မျိုးဖြစ်နေမယ်။ သူတစ်ပါးရဲ့ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ရတတ်ပါတယ်။ ခရီးကိစ္စတွေ၊ ရပ်ဝေးနဲ့ ဆက်နွယ်တဲ့ အလုပ်တွေ အောင်မြင်မယ်။ ငွေလည်း တအားရွှင်နေလိမ့်မယ်။ ထီထိုးသင့်ပါတယ်။ အဖိုးတန်ပစ္စည်းတွေဝင်လာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးအဆင်ပြေမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အထစ်အငေါ့ကြီးစွာကြုံမယ်။ စာရွက်စာတမ်းအတွက် စိတ်ညစ်ရတာ၊ စာရင်းဇယားမှားယွင်းတာ၊ ဆရာသမားကြီးကဲသူတွေက အထင်လွဲတာ၊ သူတစ်ပါးရဲ့ ကိစ္စ ကြားညပ်ဖြေရှင်းရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၃ နဲ့ ၆ ဖြစ်ပါတယ်။
အင်္ဂါသားသမီးများ
ဒီရက်တွေအတွင်း ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းတွေ ကြုံတတ်ပါတယ်။ ခရီးကိစ္စတွေလွဲချော်မယ်။ ခြေထောက်မှာ ထိခိုက်မိတတ်ပါတယ်။ မိသားစုနဲ့ စိတ်သဘောကြီးစွာကွဲရတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အစီအစဉ်တွေ လွဲချော်သွားတတ်တယ်။ အလုပ်မှာ အနှောင့်အယှက် အပြိုင်အဆိုင်တွေ ပေါ်လာမယ်။ ငွေရေး ကြေးရေး ရှုပ်ထွေးတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကတော့ အတော်ကို သတိထားဖို့လိုပါတယ်။ လမ်းခွဲရမတတ်ဖြစ်ကုန်တတ်ပါတယ်။ အရေးကြီးတဲ့စာရွက်စာတမ်းတွေ ပျက်စီးပျောက်ဆုံးတာ၊ စာချုပ်စာတမ်းမှားတာ၊ ကတိပေးမှားတာမျိုးတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေး ဆိုးဆိုးဝါးဝါးမရှိလှပေမယ့် ခွဲစိတ်ကုသမှုနဲ့ တစ်မျိုးမဟုတ်တစ်မျိုး ပတ်သက်ရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၈ နဲ့ ၄ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးသားသမီးများ
ဒီရက်တွေအတွင်း ဆွေမျိုးမိတ်ဆွေအတွက် ဆေးရုံဆေးခန်း၊ ဒါမှမဟုတ် ရုံးတွေ ဂါတ်တွေ ရောက်ရတတ်ပါတယ်။ ပစ္စည်းတစ်ခု အ၀ယ်အရောင်းကိစ္စ ပြဿနာ ဖြစ်တတ်တယ်။ နေရာထိုင်ခင်း၊ အဆောက်အဦးကိစ္စ အခြေအနေကောင်း ကြုံလာမယ်။ ကောင်းတဲ့ခရီးဝေးသွားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အထစ်အငေါ့လေးတွေ ကြုံပြီးတဲ့နောက် ကောင်းတဲ့အခြေအနေကို ပြောင်းသွားပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အမျိုးသမီးဆိုရင် အမျိုးသမီးရောဂါ၊ အမျိုးသားဆိုရင် အစာအိမ်နဲ့ ပတ်သက်လို့ သတိထားပါ။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အခြေအနေကောင်းကြုံမယ်။ တစ်ယောက်တည်း ကြိတ်ပြီး ဖြေရှင်းရမယ့် ပြဿနာတစ်ခု ကြုံလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၅ ဖြစ်ပါတယ်။
ကြာသပတေးသားသမီးများ
ဒီရက်တွေအတွင်း ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေ အဆင်ပြေသွားမယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီကောင်းရလိမ့်မယ်။ စပ်တူလုပ်ငန်း စီစဉ်ရတတ်ပါတယ်။ အဲဒီအလုပ်အောင်မြင်မယ်။ ပစ္စည်းတစ်ခု အ၀ယ်အရောင်းကိစ္စမှာ ညှိမရ နှိုင်းမရဖြစ်နေပါလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေစိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသေးသူတွေ မင်္ဂလာကိစ္စ စီစဉ်ရတတ်ပါတယ်။ အတို့အထောင် ချောက်တွန်းလုပ်တာမျိုးတွေ ခံရတတ်ပါတယ်။ သွားရင်းလာရင်းနဲ့ စကားများရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းကတော့ ၆ နဲ့ ၃ ဖြစ်ပါတယ်။
သောကြာသားသမီးများ
ဒီရက်တွေအတွင်း နေရင်းထိုင်ရင်း စိတ်တိုနေရတတ်ပါတယ်။ စိတ်နဲ့ကိုယ်နဲ့ မကပ်ပဲ ဖြစ်နေမယ်။ တဇွတ်ထိုးလုပ်မိပြီး အမှားတွေ ကြုံရတတ်ပါတယ်။ အတတ်နိုင်ဆုံး အနားယူသင့်တဲ့ကာလပါပဲ။ နေရေး ထိုင်ရေး အဆောက်အဦးကိစ္စ အတင်မကျဖြစ်ရတတ်ပါတယ်။ မလုပ်ချင်တဲ့အလုပ်၊ မသွားချင်တဲ့ခရီး ကြုံရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အောင်မြင်မယ်။ ပြဿနာတစ်ခု အလိုလိုရှင်းသွားလိမ့်မယ်။ ငွေတွေ၊ ပစ္စည်းပျောက်တာ၊ အထားမှားတာတွေ ကြုံလာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်အေးချမ်းသာစရာတွေ ကြုံလာပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်းကတော့ ၇ နဲ့ ၁ ဖြစ်ပါတယ်။
စနေသားသမီးများ
ဒီရက်တွေအတွင်းမှာ အစစအရာရာ သတိရှိဖို့ အရေးကြီးပါတယ်။ ပြဿနာတွေများတတ်တယ်။ ကျန်းမာရေးညံ့တာ၊ ငွေတွေ၊ ပစ္စည်းတွေ ပျက်စီးပျောက်ဆုံးတာ၊ အမှုအခင်းလိုမျိုး ရှင်းရလင်းရတာတွေ ကြုံရတတ်ပါတယ်။ ခရီးများများသွားနေလေ ကောင်းလေပါပဲ။ အိပ်ရာ ရွှေ့အိပ်သင့်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အခြေအနေ တင်းတင်းမာမာဖြစ်တတ်တယ်။ ပညာရေး သင်တန်းအစီအစဉ်တွေ ပျက်မလိုလိုနဲ့ အောင်မြင်သွားလိမ့်မယ်။ ငွေရေးကြေးရေးကတော့ တော်တော်ညံ့ပါတယ်။ ကိုယ့်အလုပ်အပြင် တာဝန်အပိုတွေ ထမ်းဆောင်ရတတ်ပါတယ်။ နေရာထိုင်ခင်းနဲ့ပတ်သက်ပြီး ဟိုမှာနေရမလို ဒီမှာ နေရမလို ဖြစ်နေတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၈ နဲ့ ၇ ဖြစ်ပါတယ်။
The fortunes of 7 children
Sunday children
probably pretty low. Need anything cautious. Lost jobs, The kinds of jobs often different numbers involved. Marginal case often reached to resolve a situation. Sales 0 erred wrong valuables. Housekeeping often unexpectedly moving to prepare cases.web Often confused with health problems are. Good luck. Greeting marriage must also stay. Unfortunately too, the numbers 2 and 1.Monday children
This involves two two whatever comes. Work both 0 in both revenue problem. Often the responsibility of others to carry out joint. Cree issues, Powered by the tasks associated with success. Silver and one will be happy. Lottery tickets. Incoming valuables. Greeting, Convenient marriage. Education issues Training issues faced great impediment. Rather like the instrument, The error statistics, The teacher who was misunderstood Others stuck in the matter resolved to face such a tough one. Unfortunately too, the numbers are 3 and 6.
Tuesday children
dilemma often faced a crisis. Cree will miss things. Legs are often affected. Often broken family and magnanimous. Education issues Porters who missed the training agenda. Competition interfere with work loads. Man financially sophisticated hair. Greeting, Marriage is the need to be cautious. Sometimes even fork. The loss of important documents destroyed, Wrong contract, Often face promising kinds of wrong. Although the severity of health often involved with some kind of surgery. Unfortunately too, the numbers 8 and 4.
Wednesday children
friends and relatives in hospitals and clinics, Or offices often declares. 0 Sales is a problem others. Accommodation, Building will be faced cases. Sometimes good long journeys. Greeting, After a small hitch occurred a good marriage will change the situation. Health, women's, women's diseases Be careful about the stomach. Education issues Training issues faced good condition. This is a problem not resolved secretly occurred and depression. Unfortunately good number 5.
Thursday children
will be convenient to delay difficult issues. It will be the woman's aid. This involves the planned joint venture. The successful work. 0 item sales event will align. Greeting, Marriage must feel comfortable. Often those who are still married, wedding planning issues. The traps often push them to be doing something. Often the go. Unfortunately too, the numbers 6 and 3.
Friday children
often get angry. Blame yourself HAPPENS. They stubbornly often confronted with mistakes. It should rest as much as possible. The living space is often not the case. You want to work, I want to go visit often face. Education issues Successful training issues. It will automatically be a problem. money Lost & Found, Misplaced become more experienced. Greeting, Marriage will be faced in peaceful stuff. Unfortunately too, the numbers 7 and 1.
Children
everything important. You often have problems. Poor health, money Equipment damaged or missing, Such as the case often face conditions. Cree more. Should move the bed sleeping. Greeting, Marriage is tough in the situation often. The education program does not work I'll go walking successful. Financial pretty bad. In addition to their work duties to carry out more often. Regarding accommodation, there's not already here. Unfortunately too, are numbers 8 and 7.