အလုပ်သင်ကာလ မှာပဲ ဖြစ်ဖြစ် အမြဲတမ်းဝန်ထမ်း ပဲ ဖြစ်ဖြစ်… အောင်မြင်သော Professional ဘ၀ ကို လျှောက်လှမ်းဖို့ အောက်ပါ အချက်တွေကို လိုက်နာဆောင်ရွက်ဖို့လိုမှာဖြစ်ပါတယ်-Teamwork သဘောတရားကို နားလည်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်တတ်ခြင်း။
အဖွဲ့နှင့် အလုပ်လုပ်ရတဲ့ Teamwork အလုပ်တွေမှာ ကိုယ်ဟာ အဖွဲ့(Team)နဲ့ ဘယ်လောက်ပူးပေါင်း ဆောင်ရွက်နိုင်သလဲ၊ အဲဒီအဖွဲ့မှာ ကိုယ်ဟာ ဘယ်လောက်ဟန်ချက်ညီညီ ကူညီဆောင် ရွက်ပေးနိုင်လဲ ဆိုတာဟာ Professional တစ်ယောက်ရဲ့ အဓိကကျတဲ့ အရည်အချင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ Teamwork တွေနဲ့ အမြဲဆောင်ရွက်ရမှာဖြစ်ပါတယ်။ Team ရဲ့ အောင်မြင်မှု ဟာ ကိုယ့်ရဲ့ အောင်မြင်မှုလို့သဘောထားဆောင်ရွက်ရမှာဖြစ်ပါတယ်။