The Small Wild Flowers

Words
82
Reading
1 min
6y
Listen to this post
~1 min

မင်္ဂလာပါ
ဒီရက်ပိုင်း စိတ်မရွှင်သလို ဝင်ငွေလည်း မရွှင်ပါဘူး။
မရွှင်ဆို ဟိုက်မှာ ပို့စ်တင်ရတာတောင် လာနေကြ
အပ်ဗုတ်အချို့ မရဘဲ ရှိနေပြန်ရော။ စာလည်း
ဟုတ်တိပတ်တိ မရေးဖြစ်သလို ပုံအသစ်အလှအဆန်း
လေးများ ရဖို့လည်း ဘယ်မှ ထူးထူးခြားခြား မသွားဖြစ်။

သို့ပေမယ့်လည်း နေ့စဉ်မပြတ် ပို့စ်တင်ချင်နေတာကလည်း
အခက်သား။ ဒါကြောင့်သာပဲ...

မနေ့က ရွာတစ်ရွာ သို့ လူနာကြည့် သွားရင်း တောလမ်း
တလျှောက် တောင်ကြည့်မြောက်ကြည့် လုပ်ဖြစ်ပါတယ်။
ဟိုကြည့်ဒီကြည့်ဆို သဘာဝအလှ ဘာလေးများ တွေ့မြင်
ရမလဲပေါ့။
img_0.5758892157534994.jpg
ဘာမှ ထူးထူးခြားခြား မတွေ့မြင်ရတော့လည်း
တောသဘာဝ တောအလှ အလေ့ကျ ပေါက်နေတဲ့
တောအရိုင်းပန်းပွင့်လေးများ ကိုပဲ အမှတ်တရ
ဓာတ်ပုံ ရိုက်ယူရတော့တာပါပဲ။
img_0.799458858999334.jpg
ဒါမှလည်း ပို့စ်တင်စရာ ရှိမှာ မဟုတ်လား။ မြင်ဖူးသူတွေ
အတွက် ဘာမှ မဟုတ်သော်လည်း မမြင်ဖူးသူတွေ အတွက်
အမြင်သစ်တစ်ခုတော့ ရကြမှာပါ။

တောအရိုင်းပန်းလေးများ ဆိုတော့ကာ လူတွေ တန်ဖိုး
ထားမှုတော့ မရှိကြဘူးပေါ့။ သို့ပေသော်လည်း လမ်း
တလျှောက် စီတန်းပေါက်ကာ အပြိုင်ပွင့်နေကြရင်ဖြင့်လည်း
အတော်လှပတတ်ကြပါတယ်ဗျ။
အလှကိုယ်စီ ရှိကြသည်ပဲ မဟုတ်လား။

မိတ်ဆွေတို့ဘဝ လှပသာယာကြပါစေ။

golden.future@golden.future

The Small Wild Flowers | Ecency