The Pagodas On River Beach

Words
65
Reading
1 min
6y
Listen to this post
~1 min

မင်္ဂလာပါ

မနေ့က စစ်ကိုင်းတံတား (အင်းဝတံတား)ကြီးကို ရတနာပုံတံတားကြီး
အပေါ်ကနေ လှမ်းရိုက်ယူထားတဲ့ ပုံလေးတွေ တင်ခဲ့ပါတယ်။
ဒီနေ့လည်း ဆက်ပြီးတော့ စစ်ကိုင်းတံတားပုံ တင်ပါဦးမယ်ဗျ။

ဒီနေ့ တင်တဲ့ စစ်ကိုင်းတံတား ပုံကတော့ စစ်ကိုင်းကမ်းနားလမ်းမှ
မြစ်ကမ်းပါးထဲ ဆင်းပြီး အဝေး ရှုခင်း ပုံလေးပါ။
p1jb7u.jpg
စစ်ကိုင်းတံတားကြီးကို နောက်ခံထားပြီး သဲပုံစေတီလေးတွေကို
အမှတ်တရ ရိုက်ယူထားတာပါ။
မြစ်ကမ်းပါးထဲက သဲပုံစေတီ ဆိုတော့ ခိုင်မာအောင် အင်္ဂတေကိုင်ပြီး
တည်ထားကိုးကွယ်ထားတာပါ။

ဒါကလည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ယုံကြည်ကိုးကွယ်ရာ
တစ်ခုပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေဟာ တောင်တွေ
အပေါ်မှာ ကိုးကွယ်ရာ စေတီတော်တွေ တည်ထားတတ်ကြသလို
ရေဘေးကာကွယ်ရန် အလို့ငှာ မြစ်ဘေးတွေမှာလည်း စေတီတော်တွေ
တည်ထားကိုးကွယ်တတ်ကြလေ့ ရှိပါတယ်။

သို့ဖြစ်၍ ရိုးရာယဉ်ကျေးမှုတစ်ခု အဖြစ် ဓာတ်ပုံ မှတ်တမ်း တင်လိုက်
ရတာပါပဲဗျာ။

မိတ်ဆွေအများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြစေသား။

golden.future@golden.future

The Pagodas On River Beach | Ecency