‌The Beautiful Wild Flowers

Words
78
Reading
1 min
Listen
Play
6y

🎶တောပန်းလေးများနဲ့🎵လှချင်တိုင်း🎶လှနေပါတဲ့🎵

ဒီသီချင်းလေးကတော့ ပြင်ဦးလွင် ဒါမှမဟုတ် ကလော
တို့လို အေးချမ်းတဲ့ ရာသီဥတု ရှိသော ဒေသမှာ
အလိုအလျောက် ပေါက်ရောက်နေတဲ့ တောပန်းပင်လေးတွေ
လမ်းတလျှောက် အစီအရီ လှပနေတာကို သီကျူးထားတာပါ။

ခု ကျွန်တော် ရိုက်ယူ တင်ဆက်လိုက်တဲ့ တောပန်းလေး
တွေကတော့ ပူပြင်းခြောက်သွေ့တဲ့ ဒေသက မြေပဲခင်း
နှစ်ခုကြား ယာကန်သင်းရိုး အပေါ်မှာ အလေ့ကျ
ပေါက်ပြီး ပွင့်လန်းနေကြတာပါ။

img_0.6245901996589848.jpg

ပြင်ဦးလွင် က တောလမ်းတလျှောက်မှ တောပန်းလေးတွေ
လောက်တော့ မလှဘူးပေါ့။ သို့ပေသော်လည်း
ကိုယ်နေရာ ကိုယ့်ဒေသ ကိုယ်သွားရာ လမ်းမှာ
သဘာဝ အလှကို မြင်မိတော့လည်း မှတ်တမ်းတင်ရတာပါပဲ။

ခုလို Hive ပေါ်မှာ ပုံနှင့်တကွ မှတ်တမ်း တင်ထားမှ
ကိုယ်တွေ မျှော်လင့်ရာ တောင့်တရာ အိပ်မက်တစ်ခု သို့
အရောက်သွားနိုင်မယ် မဟုတ်လား။

တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ ဆိုသလို
တစ်ရက်တစ်ပို့စ် မှန်မှန် ရေးတင်နေမှသာ
ခရီးရောက်သလို Hive တွေ ရောက်ရှိလာမှာပဲလေ။

ကဲ ဒီတော့ မိတ်ဆွေတို့လည်း ရီဝဒ်လေးများ ခွဲဝေ
ယူကြပါဦးလားဗျာ။

golden.future@golden.future

‌The Beautiful Wild Flowers | Ecency