တန်ဆောင်တိုင် အလှ မယ်ဇလီ အမှတ်တရ

Words
91
Reading
1 min
6y
Listen to this post
~1 min

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့ဟာ ဆိုရင်ဖြင့် တန်ဆောင်တိုင် လပြည့်နေ့ ဖြစ်ပါတယ်။
တန်ဆောင်တိုင် လပြည့်ည ရောက်ရင်ဖြင့် ကျွန်တော်တို့
မြန်မာ အများစုဟာ မယ်ဇလီဖူးသုပ် နှင့် ကြက်သား ချက်စား
ကြတာ ဓလေ့ ရိုးရာ တစ်ခုလို ဖြစ်နေပါတယ်။

တချိန်ကတော့ တန်ဆောင်တိုင် လပြည့်ညတွေ‌မှာ ကြက်ခိုး
ချက်စားကြတာတွေ အတော်များများ ရှိခဲ့ကြပါတယ်။ ခုတော့
သိပ်မလုပ်ကြတော့ပါ။ ကောင်းတဲ့ အလုပ်လည်း မဟုတ်ပါ။

မယ်ဇလီဖူး ကတော့ ဆေးပေါင်းခတယ် ဆိုပြီး ခုလို ဆေးပေါင်းခတဲ့ ညမှာ သုပ်စားဖြစ်နေကြဆဲပါပဲ။ ဒီချိန်မှာ မယ်ဇလီပန်းတွေ ကလည်း ပွင့်ဝေနေကြဆဲပါပဲလေ။

img_0.569675382414386.jpg

တန်ဆောင်တိုင်ည ဆိုတာက အရင်နှစ်တွေကဆို စည်းကား
သိုက်မြိုက် ပျော်ရွှင်စရာ ကောင်းလှတဲ့ ညတစ်ညပါပဲ။
တောင်ကြီးမြို့၊ ပြင်ဦးလွင်မြို့ တန်ဆောင်တိုင် မီးပုံးပျံ
ပွဲတော်တွေက မြန်မာနိုင်ငံမှာ အစည်ကားဆုံး၊ ပျော်စရာ အကောင်းဆုံး တွေပါပဲ။ ခုတော့ ကိုဗစ်ကပ်ရောဂါကာလပေမို့
ယခင်လို ပွဲတော် မကျင်းပနိုင်ကာ မပျော်ကြရပါ။

သို့သော်လည်း ပွဲကြိုက်ခင် ရွှေမြန်မာတို့ကတော့ ကိုယ့်အစုအဖွဲ့
လေးတွေဖြင့် မဖြစ်ဖြစ်အောင် ပျော်ကြပါးကြ စားကြသောက်ကြဦးမည် ကတော့ မလွဲဧကန် ပါပဲ။

သို့ဖြစ်၍ တန်ဆောင်တိုင် အမှတ်တရ မယ်ဇလီပန်းခက်လေး
ပုံရိုက် တင်လိုက်ရပါတယ်။

မိတ်ဆွေ အားလုံး ပြံးပျော်နိုင်ကြပါစေ။

golden.future@golden.future

တန်ဆောင်တိုင် အလှ မယ်ဇလီ အမှတ်တရ | Ecency