Steemit Community Token Mining

Words
177
Reading
1 min
Listen
Play
7y

Now a week I traded PALMM and LEOMM on Steem-engine. And then, I staked 7 LEOMM and 0.6 PALMM so-called Mine.
5qoneyi183.jpg
ကဲ... ဒီနေ့တော့ Steemit Community Token Mining အကြောင်း နည်းနည်းလေး ပြောလိုက်ဦးမယ်ဗျာ။

Steemit Platform ရဲ့ အနွယ်အပွား Steem-engine
ပေါ် အခြေခံပြီးတော့ Community Token တွေ
များစွာ ပေါ်ထွက်လာကြပါတယ်။

Airdrop သဘောမျိုး Free ပေးတာ အချို့လည်း
ရှိကြသလို Mine Token တွေလည်း ထုတ်ထားကြပြီး
Mine တူးခွင့် ပေးထားကြပါတယ်။

Mine ဟု ဆိုသော်လည်း ကိုယ်တိုက်ကိုယ်ကျ တူးနေရတာမျိုး
မဟုတ်ပါဘဲ Mine Token တွေ Trade ပြီး Stake
လုပ်ထားကြရတာပါ။ Stake လုပ်ထားသည့် ပမာဏ
အပေါ် မူတည်၍ Token များ ရလာမည် ဖြစ်သော်လည်း
ကံစမ်းမဲ သဘောမျိုး လုပ်ထားပေးကြတာ ဖြစ်ပါတယ်။
မိမိ Stake ထားသည့် အရေအတွက် ပေါ်မူတည်ပြီး
ကံစမ်းခွင့် အကြိမ်ရေ ရရှိကာ မဲပေါက်နိုင်ခြေ ရာခိုင်နှုန်း
တွက်ချက်ပေးပြီး ကံ အပေါ်လည်း အခြေခံကာ Token
များ ရရှိနိုင်ပါမည်။

ကျွန်တော် အနေဖြင့်လည်း ရှိထားတဲ့ Steem လေးတွေကို
ရောင်းထုတ်ရအောင်လည်း ဈေးက ကျလွန်း နည်းလွန်းသည်က
တစ်ကြောင်း၊ ဒီအတိုင်း ထားပြန်တော့လည်း ဘာမှ တိုးပွား
မလာတာ တစ်ကြောင်း၊ ကြောင့် ကံကောင်းရင်
Community Token တွေ ပွားများရလာနိုင်ခြေရှိသော
Mine တူးသည့် အလုပ်ကို စမ်းသပ်ဆောင်ရွက်ကြည့်မိပါသည်။
z4ggyejdfd.png
ယခု လောလောဆည်တွင် 7 LEOMM ထိ ဝယ်ယူကာ
Stake လုပ်ထားပါသည်။ ၎င်းမှ 3 LEO လောက်တော့
ရရှိလာပါပြီ။ ရက်ပေါင်းမှာ ၄ ရက်သာ ကြာသေးသည်။

မနေ့ကတော့ 1 PALMM Trade ထါးရာမှ
ဝယ်ယူရလာသော 0.6 PALMM ကို Stake ထားပြီး
ဖြစ်ပါသည်။ တစ်နေ့ PAL ဘယ်လောက်ရမည်ကိုတော့
မသိရသေးပါ။ 1 PALMM ကို Steem 100 ကုန်ကြပါသည်။

စမိမှတော့ ဆုံးအောင်လျှောက်ရဦးမယ် ဆိုတဲ့ စိတ်ထားပြီး
တတ်နိုက်သမျှ လေ့လာအားထုတ်ကာ Steemit Platform
ပေါ်ဝယ် ဆက်လျှောက်နေဆဲ ဖြစ်ပါသည်။

MSC 193
golden.future@golden.future

Steemit Community Token Mining | Ecency