Steemit အပြောင်းအလဲ Community တွေ ပျော်ပျော်နွှဲ

Words
126
Reading
1 min
7y
Listen to this post
~1 min

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
bdmxtg.jpg
ကျွန်တော်တို့ MSC ခေါင်းဆောင် ကိုဟင်နရီအောင် မှ
Steemit ရဲ့ အပြောင်းအလဲ update ထဲမှ
Community တွေကို Subscribe လုပ် Join ထားဖို့နှင့်
MSC Community မှာ Member အဖြစ် ထည့်ပေး
ရန် Steemit account user name ပေးရန် ပြော
လာခဲ့ပါတယ်။

Community အကြောင်းကို မနေ့က စသိသိခြင်း
ကိုယ့်အတွက် အကျိုးတစ်စုံတစ်ရာ ရနိုင်သော Community
အချို့ကို Subscribe လုပ်ထားခဲ့ပါတယ်။

အခြားCommunity တွေကတော့ ကိုယ်ပိုင် Project
တွေ၊ Game တွေ၊ DAPP တွေဖြင့် တတ်ကြွလုပ်ရှား
နေကြတာပါ။

ကျွန်တော်တို့ MSC ကတော့ ကိုယ်ပိုင်ဖန်တီးထားတာမျိုး
တစ်သီးတစ်ခြား မရှိပါဘဲ အခြားCommunity တွေ၏
Activities တွေကို ပါဝင်အားဖြည့် လုပ်ဆောင်ရင်း
Steem ဝင်ငွေရှာတာမျိုးတော့ လုပ်ကြပါတယ်။

ယခင်က MSC အဖွဲ့ဝင်ပေါင်းမှာ ၃၀၀ နီးပါးမျှထိ
ရှိခဲ့ပါတယ်။ တစ်နှစ်လောက်အကြာမှာတော့
၂၀ ဝန်းကျင်လောက် ကျန်ရှိနေပါသေးသည်။ နှစ်နှစ်ကျော်
ကာလရောက်သောအခါ ဆယ်ယောက်အောက်သာ
စတီးမစ်ပေါ်ရောက်ဖြစ်ကြသလို msc chat ထဲလည်း
စကားပြောဖြစ်ကြတော့သည်။

ယခုချိန်ခါတွင် Steemit ပိုင်ရှင် အပြောင်းအလဲ
ဖြစ်ခဲ့သလို Steem အနာဂတ်သည်လည်း ပြောင်းလဲ
ကောင်းလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။ အခြားသော
Community တွေ တတ်ကြွနေကြသည်နှင့်
SMTs project များသည်လည်း ထွက်ပေါ်လာဖို့
စိုင်းပြင်းနေကြဆဲ ဖြစ်သည်။

ကျန်ရှိနေသေးသော ကျွန်နော်တို့ MSC ဝိုင်းတော်သားများသည်
အပြောင်းအလဲရေစီးကြောင်းနှင့်အတူ မိမိတို့လိုရာပန်းတိုင်သို့
ကူးခတ်သွားနိုင်ဖို့ information and update များကို
မျက်ခြေမပြတ် စောင့်ကြည့်လိုက်နာဆောင်ရွက်သင့်ကြပါကြောင်း
တိုက်တွန်းမျှဝေလိုက်ရပါတယ်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

MSC 193
golden.future@golden.future

Steemit အပြောင်းအလဲ Community တွေ ပျော်ပျော်နွှဲ | Ecency