မနေ့ကတော့ 🏠အိမ်ထဲသို့ မြွေ 🐍တစ်ကောင် ဝင်ခဲ့ပါတယ်။
ဘယ်ကနေ လာမှန်းတော့ မသိရပါဘူး။ အိမ်ရှေ့ပေါက်က
ဝင်သွားတာ စမြင်ခဲ့ကြတာပါ။
မြွေက လင်းမြွေ ဖြစ်တာမို့ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့်
ညရေးညတာ တွေ့မြင်ရသည် ရှိသော် လန့်စရာ ဖြစ်မှာမို့
နှင်ထုတ်ခဲ့ရပါတယ်။
မြွေကို နှင်ထုတ်နေရင်း စိတ်ကူးရတာနဲ့ အမိအရ ဓာတ်ပုံ
ရိုက်ယူခဲ့ပါသေးတယ်။ မြွေက အခန်းနှစ်ခု ဟိုကူးဒီကူး
လုပ်နေလို့ အတော်ကြာ ချောက်ထုတ်ခဲ့ရပါတယ်။
မြွေ ပြန်ထွက်သွားပြီ ထင်ရသောအခါ
မြွေဝင် ငွေရွှင် ဟု အယူအဆ အယုံအကြည် ထားကြကာ
ချဲထီ ထိုးကြဖို့ အာရုံရကြပါတယ်။
ကျွန်တော်ကတော့ နှစ်လုံး သုံးလုံး အာရုံရှိသူ မဟုတ်လေတော့
မထိုးဖြစ်ခဲ့ပါဘူး။ အိမ်ရှိမိန်းမ နှင့် ခယ်မတွေကတော့
အတိတ်ကောက်ကာ ထိုးကြလေသတည်းပေါ့။
ကဲ မိတ်ဆွေတို့ ဆိုရင်ရော ဘယ်လိုလဲဗျ။ အယုံအကြည်
ရှိကြလား။ အတိတ် ဘယ်လို ကောက်ယူကြမလဲဗျ။
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။