Myanmar HIVE Community (MHC) အမည်နာမနှင့် ပတ်သက်၍

Words
111
Reading
1 min
Listen
Play
6y

မင်္ဂလာပါ

မနေ့က MHC (Myanmar HIVE Community)
ဆိုပြီး Group page တစ်ခု ထောင်လိုက်ပါတယ်။

received_2471669319763417.jpeg

ရည်ရွယ်ချက်ကတော့ HIVE platform ပေါ်မှာ
လျှောက်လှမ်းနေတဲ့ Myanmar ‌Account တွေ
စည်းလုံးမိဖို့၊ တိုးတတ်ဖွံ့ဖြိုးစေဖို့နှင့် ထို Group page
မှ ဝင်တင်သော Post များကို ကိုယ့်မြန်မာအချင်းချင်း
အားဖြည့်ပေးကြနိုင်စေဖို့ပါ။

မိမိ အနေဖြင့် HP မမြင့်မားသေးသော်လည်း
ဇွဲစိတ်ရှည်ရှည် ပုံမှန်ပြေးသွားနေသူတစ်‌ယောက်မို့
တတ်ကြွစိတ်ဖြင့် ဆောင်ရွက်ခဲ့တာပါ။

ယခင် MSC အဖွဲ့အစည်းအား MHC ပြောင်းလဲ
ဆက်လျှောက်ကြဖို့ ရည်ရွယ်ရင်း ရှိကြပါတယ်။

ယခု လတ်တလောကာလတွင်ကား Covid-19 အပေါ်
အာရုံ ရောက်နေကြမည် ဖြစ်နိုင်၍ Hive platform ကို
အာရုံကျဲနေနိုင်ပါသည်။

သို့ပေသော်ကား မိမိသည် Stay Home နေရစဉ် ကာလအား
အချည်းနှီး မဖြစ်စေလိုပါ။

သို့ပါ၍ ရွှေမြန်တို့အား MHC Myanmar HIVE Community ကို
Subscribe လုပ်ပြီး Join ထားကြဖို့ တိုက်တွန်းပြောကြား
ချင်ပါတယ်။

/trending/hive-176028

ဤတွင် အကြံသဘောထားတစ်ခုကိုလည်း မေးဆိုချင်ပါသည်။
ယခင် MSC မှ Myanmar HIVE Community
အနေဖြင့် ဆက်သွားကြမည့် ခေါင်းဆောင်တို့၊ မိတ်ဆွေတို့
အနေဖြင့် မိမိ၏ ရှေ့ကကြိုတင် Group page ထောင်ခြင်းအား
သဘောမတွေ့ပါလျှင်လည်း MHC ဟူသော အမည်နာမကို
ပြန်လည် ပြောင်းလဲပေးပါမည် အကြောင်းနှင့် သဘောကျ
ပါလျှင်တော့ Subscribe လုပ်ထားကြစေရန် တောင်းဆိုအပ်
ပါသည်ဗျာ။

hive-176028@hive-176028