ကိုယ့်ဘဝ နှင့် တောပန်းအလှ

Words
94
Reading
1 min
6y
Listen to this post
~1 min

အတွင်းက အပူဟာ အပြင်က အပူထက် မြင့်မားလေသောအခါ
လူဟာ နေပူလေပူဒဏ်တွေကို အံတုဖို့ ဆိုင်ကယ်တစ်စီးဖြင့်
ရွာတွေဆီ ပတ်သွားရပါတော့တယ်။

ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုပေမယ့် အလုပ်က အလုပ်၊
Juty is juty ဆိုသလိုသာပါပဲ။
ခေတ်ကာလ ကလည်း တောက ဆေးဆရာ မပြောနဲ့
မြို့က ဆရာဝန်ကြီးတွေတောင် ငွေ ပေးရင် ရတယ်
ဆိုတဲ့ သဘောမျိုး ထားတတ်ကြတဲ့ လူနာရှင်တွေက
များလာကြပါတယ်။
ကိုယ်တွေလို တောဆေးခန်းလေး ဖွင့်ထားသူ အဖို့တော့
စေတနာထားမိတာတွေ ရှိသလို ငွေ ပေးရင် ရတယ်
ဆိုတဲ့ သဘောမျိုး ထားတတ်သူတွေနဲ့ တွေ့ရလည်း
စိတ်ထဲ ကြာကြာ ထည့်မထားဘဲ ကိုယ်တတ်နိုင်တာ
လုပ်ပေးဖြစ်တာပါပဲ။

အင်း ဒါက ကိုယ်တွေရဲ့ အတွေ့အကြုံကို မျှဝေမိတာပါ။
ခုလည်း နေပူကို အံတုပြီး လူနာ သွားကြည့်ရာ လမ်းမှာ
တောပန်းလေးတွေ ပွင့်ဝေနေတာ မြင်ရတော့
ခရီးသွား ဟန်လွဲ၊ တစ်ချက်ခုတ် နှစ်ချက်ပြတ် တောသဘာဝ
တောအလှပန်းလေးတွေ ဓာတ်ပုံရိုက် တင်လိုက်တာပါ။

img_0.145547427602181.jpg

ဒီတော့မှ ပို့စ်တစ်ခုစာ ပုံရပြီဟလို့ စိတ်ကူးရရင်း
အပူလုံးထတာ နည်းနည်း သက်သာသွားတော့တယ်။

ဪ ဘဝ ဘဝ
နေချင်သလို မဖြစ်သေးတဲ့ ဘဝမှာ
ဖြစ်သလိုလေး နေရတာပါပဲ။

မိတ်ဆွေများ ဘဝ သာယာလှပကြပါစေ။

golden.future@golden.future

ကိုယ့်ဘဝ နှင့် တောပန်းအလှ | Ecency