Hello.
I must say that the weather is quite nice these days.
It hasn't rained for over a week.
The wind is blowing gently.
There are some clouds floating in the sky.
So the weather is nice because it's not raining but it's not too hot.
On a beautiful day, I traveled to other villages.
I took some memorable photos of the natural beauty of the scenery I saw along the way.
It is so pleasant to look at the rural scenery.
It cools the eyes and calms the mind.
I also enjoy the beauty of the clouds during the rainy season.
The fields are full of crops.
The sesame fields are in bloom, and the peanut fields are just starting to sprout leaves.
Some fields are also growing corn for cattle feed.
Palm trees are everywhere.
It is a pleasant and peaceful experience to see the natural scenery while traveling.
မင်္ဂလာပါ။
ဒီရက်ပိုင်း ရာသီဥတု သာသာယာယာရှိသည်ဟု ပြောရမည်။
မိုးမရွာသည်မှာ ရက်သတ္တတစ်ပတ် ကျော်ခဲ့ပါပြီ။
လေကတော့ တဖြူးဖြူး တိုက်ခတ်နေခဲ့သည်။
ကောင်းကင်မှာတော့ မိုးသားတိမ်များ လွင့်မျောနေကြသည်။
ဒီတော့ ရာသီဥတုသည် မိုးမရွာသော်လည်း ပူလွန်းခြင်း မရှိသောကြောင့် သာယာလှပါသည်။
သာယာသောနေ့လေးမှာ ကျွန်တော် အခြားသောကျေးရွာတွေဆီ ခရီးထွက်ဖြစ်ခဲ့သည်။
လမ်း၌ မြင်တွေ့ရသော ရှုခင်းအချို့ သဘာဝအလှ အဖြစ် အမှတ်တရဓာတ်ပုံများရိုက်ယူခဲ့သည်။
ကျေးလက်သဘာဝရှုခင်းတွေကို ကြည့်မြင်ရသည်မှာ သာယာလှသည်။
မျက်စိကို အေးမြစေပြီး စိတ်ငြိမ်းချမ်းစေပါသည်။
မိုးရာသီသဘာဝ တိမ်တွေ၏ အလှကိုလည်း တမျှော်တခေါ်ကြီး အဝရှုစားရသည်။
ယာခင်းတွေမှာ သီးနှံတွေ စိုက်ပျိုးထားကြသည်။
နှမ်းခင်းတွေက ပွင့်နေကြပြီး မြေပဲခင်းတွေကတော့ အရွက်ထွက်စ ရှိနေသေးသည်။
အချို့ယာခင်းတွေမှာတော့ နွားစာပြောင်းများ စိုက်ပျိုးထားကြသည်။
ထန်းပင်တွေကတော့ နေရာအနှံ့၌ ပေါက်ရောက်နေကြသည်။
ခရီးသွားရင်း တောသဘာရှုခင်းများ ကြည့်မြင်ရသည်မှာ သာယာအေးချမ်းလှပါသည်။