This content was muted by ASEAN HIVE COMMUNITY moderators for not following community guidelines.
Hello Have a nice day!
ကဲ ဒီနေ့ တောထဲ က လမ်းကလေး မှာ ဆိုင်ကယ် စီးရင်း သွားလာခဲ့ရာ လမ်းမှာ တွေ့မြင်ခဲ့ရတဲ့ နွား တွေကို ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။
နွားတွေက နွားမတွေ အများစုပါပဲ။
လမ်းမှာ တွေ့ရတာကတော့ နွားပိုင်ရှင် က နွား တွေကို အစာ၊ မြက်စားဖို့ တောထဲ ကျောင်းရခြင်းကြောင့်ပါ။
ဒီနွား တွေကို အိမ်မှာတင် အစာ ကျွေးဖို့ ကလည်း မလွယ်ကူဘူးလေ။
ဒီတော့လည်း သူတို့ အခေါ် နွားကျောင်း ထွက်ကြရတာပေါ့။
နွားတွေ ကတော့ သွားရင်း စားရင်း ပါပဲ။
ကျွန်တော်လည်း ဆိုင်ကယ် ရပ်ကာ ဖုန်းထုတ်ပြီး ဖုန်းကင်မရာ ဖြင့် ခုလို ရိုက်ယူ မှတ်တမ်း တင်လိုက်ရပါတယ်။
ဒီနှစ် နွားဈေးက မကောင်းပါဘူး။
နွားတွေကို ပြည်ပ တင်ပို့ မရောင်းရဘူးလေ။
ဒီတော့လည်း နွားမွေးသမားတွေ ဝင်ငွေတော့ မကောင်းဘူးပေါ့။
သို့ပေမယ့်လည်း တောဓလေ့ နွားမွေးထားကြတာ စီးပွားရေး ကောင်းတဲ့ အလုပ်တစ်ခုပါပဲ။