Betel Plants And Home Staying

Words
53
Reading
1 min
Listen
Play
6y

မင်္ဂလာပါ
Home Stay နေတာ ၂၄ ရက် ရှိပါပြီ။
ဘယ်မှလည်း မထွက်ဖြစ်သေးပါ။ ပုံလေးတွေ တင်ဖို့
ဓာတ်ပုံ ရိုက်လည်း မထွက်ဖြစ်သေးပါ။
သို့သော်လည်း အိမ်ဝင်းထဲမှာ ရှိတဲ့ အပင်လေးတွေပဲ
ရိုက်တင်နေဖြစ်ပါတယ်။
nts59q.jpg
ဒီနေ့တော့ ကွမ်းရွက်ပင်လေးတွေ ရိုက်တင်လိုက်ပါတယ်။
စိုက်ထားတာ မကြာသေးတော့ အရွက်စီ နည်းပါသေးတယ်။
ကွမ်းဈေးလည်း အကောင်းကြီး မဟုတ်သေးပါ။
ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလဆိုတော့ သယ်ယူပို့ဆောင်ရေး
အဆင်မပြေသေးတော့ အရောင်းအဝယ် သိပ်မကောင်းဘူးပေါ့။

တစ်လလောက်နေရင်တော့ တောထဲ လျှောက်သွား
ဓာတ်ဖမ်းဦးမှ ထင်ပါတယ်။
ရသ သုတ ကောင်းနိုးရာရာတွေလည်း ရေးဖို့
အာရုံမတတ်နိုင်အားသေးပါ။

သို့ကလိုကြောင့် ဖြစ်ကတတ်ဆန်း ပို့စ်လေးများကို
ခွင့်လွှတ်နားလည်ပေးကြပါဦးဗျ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

golden.future@golden.future

Betel Plants And Home Staying | Ecency