မင်္ဂလာပါ
ဒီနေ့တော့ မေးခွန်းလေး တစ်ခုဖြင့် စတင်လိုက်ပါရစေ။
ဘာပန်းလဲပေါ့။
ပန်းပွင့်လေးက ဖြူလွှလွှ
လေယူရာကို သူယိမ်းက
ခေါင်းလောင်းဟန်နဲ့ ဝတ်ဆံပါ
သူ့အရွက်လည်း (အ)သည်းပုံလာ
ခူးချက်ကာစား အကျိုးများ
ကျန်းမာရေးတွက် ကောင်းတယ်ဗျား။
အယ်လဲ့ မေးခွန်း မေးပါတယ်ဆိုသေး ကဗျာစပ်လိုက်သေး။
ဒီပန်းပွင့်လေး အညွန့်ကို စားဖူးကြသူတွေ များပါတယ်။
တကယ်တော့ သူ့အရွက်က အများအားဖြင့် ဒီထက်
ရှည်ပါတယ်။ အပွင့် ပွင့်နေတဲ့ အပင် အချို့မှာသာ
အရွက်က ဝိုင်းပြီး အသည်းပုံ ပေါက်လာတာပါ။
ဒီပန်းပွင့်ပုံလေးကို ရွာရောက်တုန်း ခြံကွင်းထဲမှာ
ပွင့်နေတာ မြင်တာနဲ့ ရိုက်ယူခဲ့တာပါ။ ဒီအရွက်ကြော်ကို
ကျွန်တော် အတော်ကို ကြိုက်ပါတယ်။ ခဏခဏလည်း
စားဖြစ်ပါတယ်။ ကြော်မစားဖြစ်တောင်မှ ချဉ်ရည်
ချက်စားဖြစ်ပါတယ်။ မန်ကျီးသီးမှည့်လေးနဲ့ ရောပြုတ်ပြီး
ငံပြာရည်ငပိရည်ဖြင့် တို့စားလည်း ကောင်းပါတယ်။
စားသောက်ဆိုင်တွေမှာ ....ပလိန်း ဆိုပြီး မှာစားကြတာ
များပါတယ်။
ကဲ သိကြပြီလား။ ဘာပန်းလဲ?
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။