မင်္ဂလာပါ
ဒီနေ့တော့ သဘာဝတောတောင်၊ တိမ်တွေနှင့် တောပန်း
လေးများ အသာထားပြီး အဆောင်လက်ဖွဲ့လေးများ
ရရှိ ဆောင်ထားဖြစ်တဲ့ အကြောင်း မျှဝေချင်ပါတယ်။
တစ်နေ့မှာ Facebook ပွတ်နေရင်း Page တစ်ခု
က မိုင်းဖုန်းဆရာတော်ကြီး နှင့် အဆောင်
လက်ဖွဲ့များ အကြောင်း တင်ထားတာ တွေ့မြင်မိလို့
ဝင်ရောက် ဖတ်ရှုရင်း တစ်ဦးလျှင် အဆောင်တစ်မျိုး
တောင်းယူနိုင်ကြောင်း၊ ပို့ပေးမည် ဖြစ်တဲ့အကြောင်း
သိရသောကြောင့် Messenger ကနေ
နေ့နံ နှင့်တကွ လိပ်စာ အတိအကျ ပေးကာ မှာဖြစ်ခဲ့
ပါတယ်။
သောကြာနေ့မှာတော့ တောင်ကြီးမြို့မှ မိုင်းဖုန်းဆရာတော်ကြီး
၏ အဆောင်လက်ဖွဲ့များ ရောက်ရှိလာခဲ့ပါတယ်။
ပို့ဆောင်ခ ၃၅၀၀ ကျပ် ပေးရပါတယ်။
ပုတီးလက်ကောက်အဖြူ တစ်ကွင်းနှင့် လက်ဖွဲ့ကြိုး
ရောင်စုံ ၉ ကုံး ပါရှိပါတယ်။
ပို့ဆောင်ပေးသူ အားတော့ နောက်များမှ စေတနာကြေး
ပေးလှူဖို့ စိတ်ကူးထားပါတယ်။
ကျွန်တော့်အတွက် ပုတီးလက်ကောက် အဖြူရောင်
မှာ ကျန်းမာရေး ကောင်းစေရန် ရည်ရွယ်ပါသည်။
လက်ဖွဲ့ကြိုး ဝါ စိမ်း နီ သုံးရောင်ကို တစ်စုတည်း
ကျစ်လိုက်ကာ ညာဘက်လက်မှာ ဝတ်ဆင်လိုက်ပါတယ်။
လက်ဖွဲ့အဆောင်များ ဝတ်ဆင်ခြင်းသည် ရှေးမြန်မာ
တို့၏ ရိုးရာ ယုံကြည်မှု တစ်ခု ဖြစ်သလို အမှန်အားဖြင့်
ဗြဟ္မဏအယူအဆ တစ်ခုပါ။
မည်သို့ပင် ဆိုစေကာမူ ကျွန်တော်လည်း ကံ ကံ၏
အကျိုးကို ယုံကြည်တာက တစ်ကြောင်း၊ အန္တရာယ်
ကင်း ဘေးရှင်း၊ လာဘ်လာဘ ရလိုတာက တစ်ကြောင်း
ကြံမိကြံရာ လုပ်ဆောင်မိတော့တာပါပဲ။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။