ကျန်းမာရေးအတွက် သိထားသင့်တဲ့ အရာများ
ကျန်းမာရေးနဲ့ပတ်သက်လို့ သတိမမူမိတဲ့အချက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို ပညာရှင်တွေက သိပ္ပံနည်းကျ သုတေသနပြုထားတာပဲဖြစ်ပါတယ်။
(၁) လေ့ကျင့်ခန်းမလုပ်တဲ့အတွက်ကြောင့် ရောဂါတွေဖြစ်ပေါ်ပြီး သေဆုံးတဲ့အရေအတွက်က ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးတဲ့အရေအတွက်ထက် ပိုများပါတယ်။
(၂) ညစာ ဒါမှမဟုတ် မနက်စာကို စားသောက်ဆိုင်မှာ စားတဲ့သူတွေဟာ အဆီတက်ပြီး အဝလွန်ရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။
(၃) အီအီးပေါက်ခြင်းက သင့်ရဲ့သွေးဖိအားကိုလျော့ကျစေပြီး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
(၄) အကြိမ် ၁၀၀ ရယ်မောတာက စက်ဘီးနင်းစက်ပေါ်မှာ ၁၅ မိနစ်လေ့ကျင့်ခန်းလုပ်တာနဲ့ ညီမျှပါတယ်။
(၅) ခုံပေါ်မှာ တစ်ရက်ကို ၃ နာရီကြာ ဆက်တိုက် ထိုင်နေတာက ပုံမှန်နေရမယ့် လူ့သက်တမ်းကို နှစ်နှစ်လျော့ကျသွားစေပါတယ်။
(၆) ဆေးလိပ်နဲ့အရက်ကို ရှောင်ရှားပြီး အစားအစာကို ချင့်ချိန်စားသုံးပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကင်ဆာဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းကျော်ကို လျှော့ချပေးပါတယ်။
(၇) တစ်ညကို ၇ နာရီထက်လျှော့ပြီးအိပ်တာက သင့်ရဲ့သက်တမ်းကို ပိုပြီးတိုသွားစေပါတယ်။
(၈) တစ်ရက်ကို ဆိုဒါတစ်ဗူးသောက်သုံးမယ်ဆိုရင် သင့်အတွက် ဆီးချိုအဆင့် ၂ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်းရှိပါတယ်။
(၉) လမ်းလျှောက်တဲ့လေ့ကျင့်ခန်းကို ပုံမှန်လုပ်မယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေနှုန်းကို ၂၅ ရာခိုင်နှုန်း လျှော့ချပေးမှာ ဖြစ်ပါတယ်။
(၁၀) စိတ်ဓာတ်အလွန်အမင်းကျဆင်းမယ်ဆိုရင် ပုံမှန်အသက်ထက် အများကြီး အရွယ်ရင့်ပြီး အိုစာတဲ့အသွင် ပေါက်နိုင်ပါတယ်။