စိတ်ကောင်းရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ ခေါင်းဆောင်ကောင်းဆိုတာ.....
One day Gandhi stepped aboard a train as it started to move, and one of his shoes slipped off and dropped on the tracks.
တစ်နေ့မှာ ဂန္ဒီဟာ ဘီးလှိမ့်စပြုနေတဲ့ ရထားပေါ်ကိုအတက်မှာ သူ့ရဲ့ ရှုးဖိနပ်တစ်ဖက် ရထားသံလမ်းပေါ်ကို ကျွတ်ကျသွားတယ်။
Unable to retrieve it, he calmly took off his other shoe and threw it back along the track to land close to the first.
အဲဒီဖိနပ်ကိုပြန်ကောက်လို့မရတော့ သူဟာ အေးအေးဆေးဆေးပဲ သူ့ရဲ့တခြားဖိနပ်တစ်ဖက်ကိုပါ ချွတ်လိုက်ပြီး ရထားသံလမ်းပေါ်က ဖိနပ်တစ်ဖက်နားကိုရောက်အောင် ပစ်ချပေးလိုက်တယ်။
When an amazed passenger asked why he had done that, Gandhi smiled and said, “The poor man who finds the shoe lying on the track will now have a pair he can use.”
သူဘာ့ကြောင့်များ အဲဒီလိုလုပ်ရတာလဲလို့ အံ့အားသင့်သွားတဲ့ ခရီးသည်တစ်ယောက်ကမေးတော့ ဂန္ဒီဟာ ပြုံးပြီး "ရထားသံလမ်းပေါ်မှာ ဖိနပ်ကိုကောက်ရတဲ့ မရှိဆင်းရဲသားဟာ အခုဆို သူစီးလို့ရမဲ့ ဖိနပ်တစ်ရံရသွားအောင်လို့ပါ" လို့ပြန်ဖြေပါတယ်။
စဉ်းစားကြည့်သင့်တာလေးကတော့... ကြီးမြတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဟာ sacrifice စွန့်လွှတ်မှု၊ အနစ်နာခံမှု တို့အပြင် consideration for the less fortunate ones မပြည့်စုံ မဖူလုံရှာသူ ပြည်သူတွေကို ငဲ့ညှာစဉ်းစားပေးတတ်သူ...ဆိုတဲ့ message လေးလို့ထင်ပါတယ်။
With the eyes of his imagination, Gandhi saw a man with bare feet, saw him coming across a lone shoe and desperately searching for the other, and saw the disappointment on his face when he didn’t find it; seeing these things, Gandhi did what he could to help.
သူ့ရဲ့အာရုံမှာ ဂန္ဒီဟာ ဖိနပ်မပါ ခြေဗလာနဲ့ လူတစ်ယောက်ကိုမြင်မယ်၊ ဒီလူ ဖိနပ်တစ်ဖက်ကိုတွေ့တော့ နောက်တစ်ဖက်ကို အသည်းအသန်လိုက်ရှာနေတာကို မြင်မိမယ်၊ ရှာလို့မတွေ့တော့ ဒီလူ စိတ်ညစ် မျက်နှာပျက်သွားတာကိုလည်း မြင်မိလိမ့်မယ်၊ အဲဒါတွေကိုတွေးမြင်မိသမို့ ကူညီချင်လို့ သူတတ်နိုင်သလောက်လေးကို ဂန္ဒီက လုပ်ပေးလိုက်ခြင်းသာ။
– Ref: Donald McCullough, Say Please, Say Thank You: The Respect We Owe One Another (Putnam, 1998).
With love,
@gla