လူပီသ ဖို့လို

Words
94
Reading
1 min
Listen
Play
8y

image

ကိုယ်ကျင့်သိက္ခာအပေါ်မှာ တည်ဆောက်ထားသည့်

စိတ်ဓာတ် > ဗဟုသုတ > ပညာတို့ဖြင့်သာ ကောင်းမွန်မြင့်မြတ်သည့်
လူသားဘဝ လူလောကကို တည်ဆောက်နိုင်မည်။
ထိုသို့ မဟုတ်ပါက ...
စိတ်ဓာတ် > ဗဟုသုတ > ပညာ တို့သည် လူမိုက်ရဲ့လက်နက် တိရိစ္ဆာန်တို့၏
ခွန်အား ဦးချို အစွယ် အဆိပ်တို့သာ ဖြစ်ကာ လူသားဘဝ လူလောက ပျက်စီးစေရုံ
ဖျက်ဆီးရုံသာမက အပါယ်လေးဝသို့ ပို့ဆောင်မည့် ယာဉ်များသာ ဖြစ်သွားမည်
ဖြစ်သည်။

တဆက်တည်းပဲ ဆရာဦးရွှေအောင်၏ ''ဗုဒ္ဓ၊ လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်
ထွက်ပြီးစ ကာလက အလှူတခုမှာ ဆရာကြီးရယ်၊ သခင်ထိန်ဝင်းရယ်၊ ဗိုလ်ဗလ
(ရဲဘော်သုံးကျိပ်)နှင့် လူကြီးတွေ စကားပြောရင်း နိုင်ငံရေးဘက်သို့ ရောက်သွားကာ
သခင်ထိန်ဝင်းက ဆရာကြီးကို အခြေအနေ ဘယ်လိုထင်လဲ ... မေးတော့...
''လူကို လူလို မြင်ကြရင်တော့ အေးပြီပေါ့''တဲ့ နောက် ဆက်ပြောတာက
"တွေ့တာနဲ့ စစ်သား အရပ်သား ဟိုပါတီ ဒီပါတီ ဆိုတာတွေ ဖယ်ပြီး လူလို့ပဲ
မြင်နိုင်မှနော်.." ထပ် ဆက်လိုက်သေးတာက...
" လူဆိုတာလဲ ကာယကံ ဝစီကံ မနောကံတွေ အရ လူပီသတဲ့ သူကိုမှ လူလို့
ပြောတာ"။

အဲဒီတော့ လူ မပီသဘူးဆိုရင် ဘယ်မူ ဘယ်စနစ်ကမှ ကောင်းကျိုး ဖြစ်လာမှာ
မဟုတ်တော့ပါဘူး...။

လူပီသ ဖို့လို | Ecency