သူ့ကိုမှ (Original Story by Ye Htet Kyaw)

Words
39
Reading
1 min
Listen
Play
9y

image
ရှောင်​ခဲ့တယ်​ အချစ်​ကို ကိုယ်​က
ဆုံခဲ့တယ်​ အချစ်​တို့နှင့်​တကွ သူ့ကို

ိဆုံစည်းခွင့်​​ပေးခဲ့တဲ့​ရေစက်​တချို့​ကြောင့်
ဆုံ​တွေ့ခွင့်​ရရှိတဲ့အခါ

ခင်​မင်​နှစ်​လိုမှုကို ရှည်​လျားဖို့
ဆေးမှင်​တစ်​စက်​ချဆွဲခဲ့တဲ့ သူ့ကို

သံ​ယောဇဉ်​ကြိုး​တွေခိုင်​မာဖို့
ချည်​​နှောင်​ခဲ့တဲ့ရစ်​ပတ်​မှုမှာ ငြိမိတယ်

အချစ်​ဆိုတာ ဖြစ်​မလာဖို့
တားဆီးကာကွယ်​ရင်း အချစ်​ကို
ကိုယ့်​​ရှေ့​မှောက်​​ရောက်​​စေခဲ့တယ်

မချစ်​ဖို့ကြိုးစားရင်း
သိပ်​ချစ်​မိသွားခဲ့တာ သူ့ကိုမှ

မရစ်​ပတ်​ခင်​ ရုန်းထွက်​ဖို့
ကြိုးစားရင်း ရစ်​နွယ်​မိခဲ့တာ သူ့ကိုမှ

သူ့ကိုမှ သိပ်​ချစ်​မိတာ အပြစ်​ရှိလား
ဒါဟာ အပြစ်​တခုဆိုရင်
ကြိုးမိန့်​သာ ​ပေးပါ 
ထိုက်​တန်​စွာ ခံယူပါ့မယ်​ ထိုထိုအပြစ်​ကို

35569-Look-At-Her-Like-Shes-The-Only-One-You-See.jpg

image

သူ့ကိုမှ (Original Story by Ye Htet Kyaw) | Ecency