Microcontrollerဟာ memory/ timer/ input၊output ports/ clock frequency တွေပါဝင်ဖွဲ့စည်းထားသော embedded system တစ်ခုဖြစ်ပါတယ်။ Microcontroller တွေဟာ program ရေးသွင်းနိုင်ပြီး ယခုအချိန်မှာ Automatic လုပ်ဆောင်ချက်တွေအနေနဲ့ များစွာအသုံးပြုနေပါပြီ။ အိမ်တစ်အိမ်အတွက် ရေတင် မီးအပိတ်အဖွင့် တံခါးပိတ်ဖွင့်လုပ်ရန်အတွက်ပင် ထွေထွေထူးထူးလုပ်ရန်မလိုအပ်တော့ပဲ Microcontroller အသုံးပြု ပရိုဂရမ် ရေးသွင်းထားပြီး ချိန်ဆက်ရုံမျှဖြင့်ပင် လူသားအထောက်အကူပြုအဖြစ် များစွာအသုံးပြုနေပါပြီ၊ ဒီဘက်နိုင်ငံတွေမှာ တော့ဒီလောက်ထိ တွင်တွင်ကျယ်ကျယ် အသုံးမပြုသေးပါဘူး။ Microcontroller ကို တစ်နည်းအားဖြင့် a computer on a single chip လို့ခေါ်တယ်လို့တော့ကြားဖူးပါတယ်။ Microcontroller ဟာ Microprocessor ကနေ တိုးတက်ပြောင်းလဲလာတာဖြစ်ပါတယ်။ ဒါဆို ကျွန်တော်သိသလောက်လေး Microcprocessor အကြောင်း အနည်းငယ်လောက်ထပ်ပြောပြပေးမယ်နော် သိသလောက်လေးသာ ပြောပြပေးထားတဲ့အတွက် အမှားပါခဲ့ရင်ပဲ ဖြစ်ဖြစ် လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ပါကလဲ ခွင့်လွှတ်ပေးကြပါရန် တောင်းပန်အပ်ပါတယ်။ ကျွန်တော်သိသော Microprocessor ဟာ……. ကွန်ပျူတာတစ်လုံးမှာ အဓိကအပိုင်းအဖြစ် ပါဝင်တဲ့ CPU (Central Processing Unit) အဖြစ် နားလည်ထားပါတယ်။ Microprocessor ကို အခြားသော Computer ၏ အစိတ်အပိုင်းတွေဖြစ်တဲ့ Memory (RAM, ROM,Harddisk)တွေ Input device/ Output device တွေ့နဲ့ချိန်ဆက်လိုက်ရင် အခြေခံကျသော ကွန်ပျူတာ တစ်လုံးဖြစ်လာပါတယ်။ Computer တွေ စတင်ပေါ်လာတုန်းကဆိုရင် memory ဆိုတာ KB (Kilobyte), MB (Megabyte) အဆင့်လောက်သာရှိခဲ့တာပါ။ အခုတော့ RAM (Read Access Memory) တောင်မှ GB (Gigabyte) အထိတောင်ရှိနေပါပြီ၊ အမြင့်ဆုံးဆိုတာတွေလဲ လိုက်လို့မမှီတော့ပါဘူး (ဟီးကိုယ်မှ ၀ယ်မသုံးနိုင်တာ)။ ပထမဆုံး ပေါ်လာတဲ့ Microprocessor ဟာဆိုရင် 4 bits ပဲရှိပါတယ်တဲ့ (ကျွန်တော်ဖတ်ဖူးထားတာလေးပါ သိသလောက် လေးပေါ့ ပြောကြည့်တာ :P) အခုတော့ 8bits/ 16bits အဖြစ်တစ်ဆင့်ခြင်းတိုးတက်ပြောင်းလဲလာတာ 64bits အထိတောင်ရောက်လာပါပြီ (128bits တော့မပေါ်လောက်တော့ဘူးလို့တော့ထင်ပါတယ် :D)၊ Clock Frequency ဆိုရင်လဲ ဟိုးတုန်းက 5MHZ လောက်ထိပဲရှိခဲ့တာတဲ့ အခုတော့များ 2.8GHz ထက်တောင် ကျော်နေပါ ပေါ့လား။ တိုးတက်လာလိုက်တာများ မြန်ထှာလို့ ဟီးးးးးး RAM ဆိုရင်လဲကြည့်ဦး ကျွန်တော်တို့ စပြီး ကွန်ပျူတာသုံးခါစ တုန်းကဆိုရင် 512MB ဆိုရင်ပဲ တော်တော်လေးမြင့်နေပါပြီ အခုတော့များ 4GB တို့ 8GB တို့တောင်ဖြစ်နေကြပြီ လိုက်မမှီတော့ပါဘူး……. 😛 😛 ကျွန်တော်သတာလေးကို မျှဝေပေးသွားတာပါ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုအပ်ပါတယ် လိုအပ်ချက်လေးတွေရှိခဲ့ပါတယ် ဖြည့်စွက်ပေးဖို့ကိုလဲ လေးစားစွာ တောင်းဆိုပါတယ် Microcontroller ကတော့ clock frequency အများကြီးမလိုအပ်သလို memory လဲ အများကြီးမလိုအပ်ပါ ဘူး KB လောက်နဲ့တင်လုံလောက်ပါတယ်။ Microcontroller မှာ သုံးတဲ့ memory အမျိုးအစားက Flash Memory ဖြစ်ပါတယ်တဲ့၊ Flach Memory ဆိုတာကို ကျွန်တော်သိသလောက်ပြောပြရမယ်ဆိုရင် သူဟာ data တစ်ခါသွင်းထားရုံနဲ့ ပါဝါပေးမထားလဲ ပျောက်ပျက်မသွားပဲ ပါဝါပြန်ပေးရုံမျှဖြင့် ပုံမှန်အတိုင်းပဲ Data တွေကို ထိန်းသိမ်းပေးထားတာလို့တော့ သိပါတယ် … အတိအကျတော့ သိပ်မသိပါဘူး (ဟီး သိသလောက်လေးပြောကြည့် တာ လိုအပ်ချက်ရှိနေရင် ဖြည့်စွက်ပေးကြဖို့တောင်းဆိုအပ်ပါတယ် 😛 ) Microcontroller တွေကို အလိုအလျှောက်လုပ်ဆောင်ချက်တွေမှာ အသုံးပြုပါတယ် ဥပမာ- Traffic Light Control System တွေ Mobile Phone တွေ Home Security System တွေမှာ သုံးကြပါတယ်။ အသုံးပြုတဲ့ နယ်ပယ်ပေါ်မူတည်ပြီးတော့သာ Microcontroller တွေဟာ အမျိုးအစားကွဲပြားကြပါတယ်.. ထုတ်လုပ်တဲ့ Company မတူညီတာတွေကြောင့်လဲ အမျိုးအစားကွဲသွားတာပါ။ ဘယ်လိုပဲ ကွဲပြားကွဲပြား Microcontroller မှန်ရင် အခြေခံလုပ်ဆောင်ပုံခြင်း အားလုံးတူညီကြပါတယ်။ တစ်ချိုသော Microcontroller တွေဟာ ပြင်ပကနေပြီး Power နဲ့ Clock တွေပေးရန်လိုအပ်ပြီး အများစုကတော့ မလိုအပ်တော့ပါဘူး။ Arduino ဆိုရင် အားလုံးအပြည့်အစုံ ပါဝင်ပြီးသားပါ Program ရေးသွင်းပြီး Power ချိတ်ဆက်ရုံဖြင့် program အတိုင်းလုပ်ဆောင်နိုင်ပါပြီ။ Microcontroller တစ်ခုနဲ့ တစ်ခုကတော့ CPU, Memory, Storage / GPIO Pin ပမာဏ နဲ့ အမျိုးအစားတွေလဲ မတူကြပါဘူး၊ Microcontroller တစ်ခုဟာ ကျွန်တော်တို့တွေ ရေးသွင်းထားသော programအတိုင်း တိတိကျကျ လုပ်ဆောင်နိုင်ပါတယ်၊ program ကနေပြီးတော့ ခိုင်းစေချက်တွေကို တစ်ခုချင်းဆီ လိုက်နာလုပ်ဆောင်ကြရပါတယ်။ Microcontroller တွေကို Assembly Language ကိုသာအသုံးပြုပြီး အများဆုံးရေးသားကြပါတယ်၊ Assembly Language ကမြန်တယ်ဆိုပေမယ့် သူ့မှာ အားနည်းချက်လေးတွေရှိနေပါတယ်၊ နောက်ပြီး Assembly Language နဲ့ရေးထားတဲ့ Program တစ်ပုဒ်က တစ်ခြား Language တွေထက်နားလည်ဖို့ ပိုခက်ပါတယ်၊ High Level Language တွေဖြစ်တဲ့ PASCAL တို့ C တို့နဲ့လဲ Microcontroller တွေကို program ရေးသွင်းနိုင်ပါတယ်.. Assembly Language ထက်လဲလွယ်ကူပါတယ် ရေးသားဖို့အတွက်လဲ မခက်ခဲပါဘူး။ Arduino ဆိုရင် C Language ကိုပဲ အခြေခံပြီး ရေးသားရတာပါ၊ Microcontroller တွေဟာ program ရေးထားတဲ့အတိုင်း လုပ်ဆောင်ရတဲ့အတွက် programမှာ ရေးထားတဲ့အတိုင်း အပြင်က data တွေကို input အဖြစ်ယူမယ်ဆိုရင် input အဖြစ်ရယူရပြီး၊ output အဖြစ်ပြန်ထုတ်မယ်လို့ ရေးသားထားရင်လဲ output အဖြစ်ပြန်ထုတ်ပေးရပါတယ်။ ဥပမာ – Bluetooth ကနေ ဖွင့်တာကို လက်ခံရရှိမယ်ဆိုရင် အိမ်ကလျှပ်စစ်မီးတွေ ပွင့်မယ်ပေါ့.. ဒါုဆိရင် Bluetooth ကနေ ဖွင့်မယ်ဆိုတာကို input အဖြစ်လက်ခံရရှိမယ်ဆိုတာနဲ့ program မှာ output ပြန်ထုတ်ပေးဖို့အတွက်ရေးသားခဲ့မယ်ဆိုရင် output အဖြစ် လျှပ်စစ်မီးတွေကိုဖွင့်ပေးရပါတော့တယ်.. တစ်သွေမတိမ်းလိုက်နာဆောင်ရွက်ကြရပါတယ်
ဒီမှာတင် ကျွန်တော့်အသိတွေပြီးဆုံးသွားပါပြီ အားလုံးပြည့်ပြည့်စုံစုံမဟုတ်ပေမယ့် တတ်နိုင်သမျှတော့ သိသလောက်လေး Sharing လုပ်ပေးထားတာပါ လိုအပ်ချက်များ ရှိခဲ့ပါတယ် ဒီ့အတွက်လဲ ကျွန်တော့်အား Feedback ပေးရန်အတွက် [email protected] ကို mail ပို့နိုင်ပါတယ်။ နောက်ထပ်ရေးသားတင်ပြပေးမှာကတော့ RAM တွေ Memory တွေအကြောင်းနဲ့ အခြားသော ကျွန်တော် သိသလောက် အကြောင်းအရာလေးတွေပါ အချိန်အားဖြင့် ကျောင်းတက်နေတုန်း အားတဲ့အချိန်လေးတွေမှာ သိသလောက်တတ်သလောက်လေး ချရေးရတာဖြစ်တဲ့အတွက် တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင်တော့ ရေးပေးပါ့မယ် အမှားပါရင် ခွင့်လွှတ်ပေးကြဖို့တောင်းဆိုအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်