သေသေချာချာသိပြီးမှ ကောက်ချက်ချပါလား.....
A 24-year-old boy looking out through a train’s window shouted, “Dad, look! The trees are going behind. They are moving very fast.”
အသက် ၂၄နှစ်အရွယ် ကောင်လေးဟာ ရထားပြတင်းပေါက်မှ အပြင်သို့ငေးကြည့်နေရာမှ အော်လိုက်တယ် "အဖေ၊ ကြည့်ပါဦး၊ သစ်ပင်တွေ ကျန်ရစ်ခဲ့ပြီ၊ သူတို့ ရွေ့နေတာ မြန်လိုက်တာ"တဲ့။
His father simply stared at him with so much joy and smiled.
သူ့အဖေက သူ့ကို ပီတိတွေအပြည့်နဲ့ငေးကြည့်နေပြီး ပြုံးလိုက်မိတယ်။
A young couple seated nearby looked at the 24-year-old boy and thought to themselves, “He’s so grown up but so childish. He must have a mental disorder for his father not to be bothered.”
သူတို့နားမှာထိုင်နေကြတဲ့ အသက်ခပ်ငယ်ငယ် လင်မယားဟာ အသက် ၂၄နှစ်အရွယ် ကောင်လေးကို ကြည့်ပြီး စဉ်းစားနေကြသတဲ့။ "သူဟာ ကြီးကောင်ကြီးမားတန်မဲ့ ကလေးဆန်လိုက်တာ။ ဒါကို သူ့အဖေက အရေးမထားဘူးဆိုရင် ဒီကောင် စိတ်မနှံ့ လို့ဖြစ်ရမယ်"
Suddenly the young man exclaimed again, “Dad, look! The clouds are running with us.”
ရုတ်တရက် လူငယ်ဟာ ထအော်ပြန်ပါရော၊ "အဖေ၊ ကြည့်ကြည့်။ မိုးတိမ်တွေ ကျွန်တော်တို့နဲ့အတူ ပြေးလိုက်လာနေကြတယ်။"
The couple could not resist and said to the old man, “Why don’t you take your son to a doctor?Maybe a psychiatrist?”
ဟိုလင်မယားလည်း မမျိုသိပ်နှိုင်တော့ဘဲ ဖခင်အိုကြီးကိုပြောလိုက်တယ်၊ "ခင်ဗျားရဲ့သားကို ဆရာဝန်နဲ့ပြပါလား။ စိတ်ရောဂါအထူးကုဖြစ်ဖြစ်ပေါ့"
The old man smiled and said, “I just did. We are just coming from a doctor but not a psychiatrist. We are just coming from the hospital. My son was blind from birth. He just got his sight today for the very first time. His behavior may seem stupid to you but it’s more than a miracle to me.”
အဖိုးကြီးက ပြုံးပြီးပြန်ပြောလေတယ်၊ "ငါ အခုပဲလုပ်ပြီးခဲ့ပြီ။ ငါတို့အခု ဆရာဝန်ပြပြီးပြန်လာကြတာ၊ စိတ်ရောဂါအထူးကုတော့ မဟုတ်ပါဘူး။ ဆေးရုံကပြန်လာကြတာပါ။ ငါ့သားက မွေးကတည်းက မျက်စိမမြင်ရှာတာ။ ဒီနေ့မှ ပထမဦးဆုံးအကြိမ်အဖြစ် သူ မျက်စိနှစ်ကွင်း အလင်းရရှာတာလေ။ သူ့ပုံစံဟာ မင်းတို့အတွက်တော့ အရူးအနှမ်းလို့ထင်စရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ငါ့အတွက်ကတော့ နတ်ကောင်းနတ်မြတ်တွေ မစသလိုပါပဲ"
The young couple just sat down there, lost for words, with a mixture of tears and shame in their eyes.
အဲဒီလင်မယားနှစ်ယောက်ဟာ ဘာဆက်ပြောရမှန်းမသိ နေရာမှာသာဆက်ထိုင်နေလိုက်ကြတာ သူတို့ရဲ့မျက်လုံးတွေထဲမှာတော့ မျက်ရည်တွေ ရှက်စိတ်တွေနဲ့ အပြည့်ပါပဲ။
With love,
@elay