အသံမထွက်ရသော အဖြည့်ခံသမား Silent Letter လေးများ (၁)
……………………………………………………………………….
ကျနော်တို့တွေဟာ အင်္ဂလိပ်စကားလုံးတွေကို အသံထွက် ရွတ်ဆိုတဲ့အခါ ပါဝင်တဲ့ စာလုံးအက္ခရာတွေကို ပေါင်းစပ်ပြီး ထွက်ဆိုကြရပါတယ် ၊ အဲလိုထွက်ဆိုရာမှာ တချို့သောအက္ခရာစာလုံးလေးတွေကိုတော့ သူတို့အတွက် အသံကို ထည့်ရမှာမဟုတ်ဘဲ ချန်ထာပြီးရွတ်ဆိုရမှာဖြစ်ပါတယ် ။ ဟိုးရှေးပဝေသဏီ ခေတ်တုန်းကတော့ စကားလုံးတိုင်းလိုလိုမှာ အက္ခရာစာလုံးတွေဟာ အသံရှိခဲ့ပြီး ထည့်သွင်းရွတ်ဆိုခဲ့ရပေမယ့် (၁၅) ရာစုလောက်ကစပြီး လက်တင်စကားလုံးများနဲ့ ပြင်သစ်စကားလုံးများဟာ အင်္ဂလိပ်စကားလုံးနယ်ပယ်ကို ၀င်ရောက်လာရာကနေ .. အဲသလို အသံကိုမယူပဲ စာလုံးပေါင်းအက္ခရာကိုသာ ယူရတဲ့ silent letter တွေ များလာရတယ်လို့ ဆိုကြပါတယ် ..
ဥပမာဆိုပါစို့ Know ရဲ့ အသံထွက်ဟာ no ရဲ့ အသံထွက်နဲ့ အတူတူဖြစ်နေတယ် မဟုတ်ပါလား ၊ k နဲ့ w ရဲ့ အသံက မယူရတဲ့အတွက် သူတို့အသံဟာ တိတ်နေခဲ့တာပေါ့ ။ အဲလိုမျိုး ဘယ်အက္ခရာတွေက ဘယ်လိုစာလုံးတွေမှာ အသံမယူရဘူးဆိုတဲ့ ယေဘူယျမှတ်သားချက်လေးတွေ ရှိပါတယ် ။ အက္ခရာ (၂၆) လုံးမှာ (၁၇) လုံးဟာ အသံမယူရတဲ့ နေရာတွေ ရှိနေပါတယ် .. ဖြည်းဖြည်းချင်း တင်ဆက်သွားမယ်လို့ ရည်ရွယ်ထားပါတယ် .. အသံထွက်ကို မြန်မာစာနဲ့ ရေးပြလျှင်လည်း ကွက်တိမရ ၊ အသံထွက်ကို တင်ပေးလို့ကလည်း မရဆိုတော့ ကျနော်လည်း စိတ်တိုင်းမကျသလို ဖတ်သူလည်း စိတ်တိုင်းကျမှာ မဟုတ်ပါဘူး ။ ပေးချင်သလောက် မပေးနိုင် ..ယူချင်သလောက် မရနိုင် ဆိုသော်လည်း ဒီကနေ ဗဟုသုတနဲ့ သဘောသဘာဝ တစ်ချို့ကို ရကြမယ်ဆိုလျှင်လည်း တော်သေးတာပေါ့လို့ တွေးရင်း စတင်လိုက်ရပါတယ်
..
Silent B
B ရဲ့ အသံကို ဖျောက်ပြီး ရွတ်ဆိုရမယ့် စည်းမျဉ်းများဖြစ်ပါတယ် ။ မှတ်ဖို့လွယ်အောင် ထုတ်ထားတဲ့ ယေဘူယျစည်းမျဉ်းတွေသာဖြစ်ပါတယ် ၊ ခြွင်းချက်ဖြစ်နေတဲ့ စာလုံးတွေလည်း ရှိပါတယ် ..
..
Rule 1: B is not pronounced after M at the end of a word.
B ဟာ M ရဲ့ နောက်မှာလည်း ရှိမယ် ၊ စကားလုံးရဲ့ နောက်ဆုံး စာလုံးလည်း ဖြစ်မယ်ဆိုလျှင် B သံကို မရွတ်ဆိုပါဘူး
……………………………..
Examples: limb, crumb, dumb, comb, bomb, thumb, climb, tomb
ဒီစကားလုံးတွေရဲ့ အသံထွက်တွေဟာ
lim(lɪm), crum(krʌm), dum(dʌm), com(kəʊm), bom(bɒm), thum(θʌm), clim(klaɪm), tom(tum)
စသည်ဖြင့် “B” သံမပါဘဲ ထွက်ရမှာဖြစ်ပါတယ် ၊ ကွင်းထဲမှာပြထားတာတွေက အသံထွက် သင်္ကေတ IPA ( International Phonetic Alphabet) များဖြစ်ပါတယ်
.
ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာလုံးတွေရဲ့ အသံထွက်ကိုပါ နားထောင်လို့ရတဲ့ application တွေ ရှိနေပါပြီ ၊ မှားတတ်တဲ့ အသံထွက်ပုံတွေကို နားထောင်ထားလိုက်တာ ကောင်းပါတယ် ၊ ဒါမှမဟုတ်လျှင်လည်း အသံထွက် သင်္ကေတတွေကို ကြည့်ပြီး အသံထွက်တတ်အောင် လေ့လာပါ..
…………………………………………………………………..
Rule 2: B is usually not pronounced before T at the end of a root word.**
B ဟာ T ရဲ့ရှေ့မှာလည်းရှိမယ် ၊ အဲဒီ T ဟာ နောက်ဆက်တွေ မပေါင်းရသေးတဲ့ မူလရင်းမြစ်စာလုံးရဲ့ နောက်ဆုံးစာလုံးလည်း ဖြစ်မယ်ဆိုလျှင် B သံကို မရွတ်ဆိုရပါဘူး
…
Examples: debt, doubt, debtor, doubtful, subtle, subtleness
ဒီစကားလုံးတွေရဲ့ အသံထွက်တွေကတော့
Det(dɛt), dout(daʊt), detor(ˈdɛtər), doutful(ˈdaʊtfəl), sutle(ˈsʌtəl), sutleness(ˈsʌtəlnəs)…စသည်ဖြင့် ဖြစ်ပါတယ်
………………………………………………………
ဒီစာလုံးတွေမှာ B သံမပါရဘူးလို့ သိလျှင်ကိုပဲ ဗဟုသုတ တစ်ခု ဖြစ်သွားပါပြီ ..
MB နဲ့ BT ဆုံးသောအခါ B သံမယူပါ..လို့ မှတ်သားနိုင်ပါတယ် ။
.
ဘယ်လို လုပ်ပေးရလျှင် ပိုကောင်းမလဲ စဉ်းစာမိတာလေးတွေ ရှိလျှင်လည်း ပြောခဲ့ပါနော်..
ကျနော်ကလေ လေ့လာသူတွေရဲ့အသံကို အမြဲနားထောင်ပြီး တစ်သားတည်းအတူရှိနေချင်တဲ့သူပါလို့
..