📜✏✏

elay(38)
Published in
#artzone
Words
277
Reading
2 min
Listen
Play
8y

ပါချုပ်ဆရာတော်ဘုရားကြီး၏ အနုသယအယူအဆ
............................................
စာရေးသူဟာ ပြင်ဦးလွင်၊ ပြင် စာ၊ မြေပုံရွာအနီးရှိ ဒေါက်တာ ဦးစိုးလွင်၏ ၀ိသုဒ္ဓိမဂ်​ဓမ္မလမ်း ၀ိပသ၁နာစင်တာမှာ တရား စခန်းဝင်ပါခဲ့တယ်။ အချိန်ရတုန်း ပါချုပ်ဆရာတော်ကို ဒကာလေး တစ်ဦးနဲ့ သွားဖူးမြင်ခဲ့ပါတယ်။

အနုသယကိလေသာပြသ၁နာကို ဆရာတော်ဘုရားအား မေး ဖို့ သတိရပေမယ့် မိမိစိတ်က ထို အဖြေရှင်းနေလို့ မမေးခဲ့ပါဘူး။

အခု တရားစခန်းက ထွက်တော့ ဆရာတော်ဘုရားရဲ့ စင်တာကို နောက်တစ်ခါသွား စာအုပ်ဝယ် ပါတယ်။ ဆရာတော့် ပဋိစ္စ သမုပ္ပာဒ်တရားမှာ ဆရာတော် ဘုရားရဲ့ အနုသယအယူ အဆ ကို အောက်ပါအတိုင်း ၀မ်း မြောက်ဖွယ်ရာ သမာန၀ါဒ သက၀ါဒအဖြစ် တွေ့ရပါတယ်။ ဆရာတော်ဟာ “အဘိဓမ္မာ စကော်လာ” ဟုတ်တာကို အခု မှ အနုသယနဲ့ စပ်လို့ လုံးဝ လက်ခံလိုက်ပါတော့တယ်။ ရှုစားကြည့်ပါ။

“ဝေဒနာ ပစ္စယာ တဏှာ” လာ တဏှာကို သဟဇာတာနုသယ အနေနဲ့ ကျမ်းညှိ ဟောထား တာကို တွေ့ရမှာ ဖြစ်ပါတယ်။

“သံယုတ်ပါဠိတော် သလ္လသုတ် မှာ ကြည့်မယ်ဆိုလို့ရှိရင် လော ကလူတွေမှာ ကာယိကဒုက္ခလို့ ခေါ်တဲ့ ခေါင်းကိုက်တာတို့ သွား ကိုက်တာတို့ နားကိုက်တာတို့ ခန္ဓာကိုယ်မှာ ထိခိုက်မှုကြောင့် နာကျင်တာတို့ စတာတွေ ဖြစ် ပေါ်လာတဲ့အခါမှာ ကာယိက ဒုက္ခဝေဒနာ ခံစားကြရတယ်။ အဲဒီဒုက္ခဝေဒနာပေါ်မှာ ပဋိဃာ နုသယလို့ခေါ်တဲ့ မုန်းတီးမှုဒေါ သဟာ ဖြစ်ပေါ်လာတတ်တယ်။

ထိုဖြစ်ပေါ်လာမှုသည် အကြိမ် ကြိမ် ဖြစ်ပေါ်လာမှုဖြစ်သော ကြောင့် ဒီအကြောင်းမျိုးနဲ့ ဆုံ တိုင်းဆုံတိုင်း ဒီမုန်းတီးမှုဆိုတာ ပေါ်လာတယ်။ “အနုရူပံ ကာရ ဏံ လဘိတွာ ဥပ္ပဇ္ဇန္တိ”. အထော က်အကူပြုမယ့် အကြောင်းတစ် ခု ၀င်လာပြီဆိုလို့ရှိရင် ပေါ်ပေါ် လာတတ်တယ်။ ခေတ်စကားနဲ့ ပြောလို့ရှိရင် အနုသယဆိုတာ lie latent-လို့ ပြောပေမယ့် pos itive-ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ။ အ ကြောင်းတစ်ခုပေါ်လာလို့ရှိရင် သူက သတ္တိပြလာတယ်ပေါ့။ သင့်လျော်တဲ့ အကြောင်းနဲ့ ဆုံ တိုင်း ဒါကပေါ်လာတတ်တယ်။ ဒုက္ခဝေဒနာနဲ့ ကြုံတိုင်း ဒေါသ ဖြစ်ဖို့ဆိုတာ အလေ့အထလေး တစ်ခု ဖြစ်သွားတယ်။

အဲဒီလို ဖြစ်လာတဲ့အခါမှာ သတ္တ ၀ါတွေက ဒါနဲ့တင်ရပ်သလားဆို မရပ်ဘူး။ ဒေါသဖြစ်တဲ့အခါမှာ ဒေါမနသ၁ဝေဒနာခံစားရတယ်။ စိတ်ကပါ ဒုက္ခဝေဒနာပေါ်မှာ မုန်းတီးမှုတွေ ဖြစ်လာသည့် အတွက် ဒေါမနသ၁ဝေဒနာ ဆက်လက်ပြီး ဖြစ်ပေါ်တယ်။ ဒုက္ခဝေဒနာဆိုတဲ့ ကာယိက ဒုက္ခဝေဒနာ ဖြစ်ပေါ်လာတာကို အကြောင်းပြုကာ စေတသိက ဒုက္ခခေါ်တဲ့ စိတ်ဆင်းရဲမှုဆိုတာ ထပ်ပြီးပေါ်လာတယ်။

ဒါ​ကြောင့်​မို့လို့ သလ္လသုတ်မှာ ပထမကာယိကဒုက္ခခံစားရတာ ဟာ မြားတစ်ချက်စူးဝင်တာနဲ့ တူတယ်တဲ့။ အဲဒီမြားတစ်ချက် စူးဝင်နေတဲ့ အပေါ်မှာ စေတသိ ကဒုက္ခ ထပ်ဆင့်ဝင်လာတဲ့ အခါ ကျတော့ ဒုတိယမြားတစ်ချက် စူး ၀င်တာနဲ့ တူတယ်တဲ့။

ဒီတော့ သတ္တ၀ါတွေဟာ ကာယိ ကဒုက္ခ စေတသိကဒုက္ခကို ဘာ နဲ့ အစားထိုးပြီးတော့ ဖယ်ရှား ချင်သလဲ၊ ကာယိကဒုက္ခ စေတ သိက ဒုက္ခတို့ရဲ့ လွတ်မြောက် ရာ နည်းလမ်းကို မသိသည့် အ တွက်ကြောင့် ဘာရှာတုန်းဆို တော့ သုခကို ရှာတယ်။ သုခနဲ့ အစားထိုးချင်တယ်။ အဲဒီသုခနဲ့ အစားထိုးလို့ရှိရင် ဘာထပ်လာ ပြန်တုန်းဆိုရင် “သုခါယ ဝေဒ နာယ ကာမရာဂါနုသယော အနု သေတိ”ဆိုတဲ့ တဏှာထပ်လာ တယ်။

သြော် ဒုက္ခဝေဒနာတုန်းက ကာ ယိကဒုက္ခခံစားရတာက မြား ဒဏ်တစ်ချက် စူးခံရတယ်။ အဲ ဒီအပေါ်မှာ စိတ်မသက်မသာ ဖြစ်တော့ ဒုတိယမြားဒဏ်တစ် ချက် စူးခံရပြန်တယ်။ တစ်ခါ ချမ်းသာမှုကို တောင့်တလိုချင် ပြန်တဲ့အခါကျတော့ မြားတစ် ချက် ထပ်စူးပြန်တယ်ဆိုတော့ လူတွေဟာ ဒုက္ခကြုံတိုင်းကြုံ တိုင်း မြားဒဏ်က ၃-ချက် ၃-ချက် အစူးခံရတယ်လို့ ဒီလိုဟော ထားတာ ရှိတယ်။

အဲဒီအနေအထားကို ရည်ရွယ် ပြီးတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “ဝေဒနာ ပစ္စယာ တဏှာ”လို့ ဒီလိုဟော တာ ဖြစ်တယ်။ ”

{ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်း ဖြင့် လေ့လာသုံးသပ်ခြင်း၊ ၁၆၅-၇}
image

elay@elay