We Can Do It.

Words
55
Reading
1 min
Listen
Play
9y

တစ်စုံတစ်ယောက်
ချစ်ခြင်းမေတ္တာ ငတ်မွတ်နေတယ် ...
မင်းရဲ့မေတ္တာနှလုံးသားနဲ့ သူ နွေးထွေးပါစေ ... ။

တစ်စုံတစ်ယောက်
ဆာလောင်မွတ်သိပ်နေတယ် ...
မင်းရဲ့မျှဝေမှုနဲ့ သူ ခဏတာပြည့်ဝပါစေ ... ။

တစ်စုံတစ်ယောက်
ငိုကြွေးနေတယ် ...
မင်းရဲ့အားပေးမှုနဲ့ သူ
မျက်ရည်ခမ်းခြောက်ပါစေ ... ။

တစ်စုံတစ်ယောက်
ခိုကိုးရာ အကူညီမဲ့နေတယ် ...
မင်းရဲ့အသိဥာဏ်ပညာနဲ့ သူ ထွန်းလင်းပါစေ ... ။

တစ်စုံတစ်ယောက်
မှောင်နေတဲ့လမ်းကို စမ်းတဝါးဝါး လျှောက်နေတယ် ...
မင်းရဲ့အလင်းရောင်သော့ချက်နဲ့ သူ့ရဲ့ ဦးနှောက်တံခါး ပွင့်ပါစေ ... ။

Author - eithinzaraung@eithinzaraung
RSM - 3

Photo Credit from google

FB_IMG_1514738520847.jpg

We Can Do It. | Ecency