တစ္ဆေ တစ်ကောင်ရဲ့ည

eain(49)
Published in
#busy
Words
86
Reading
1 min
8y
Listen to this post
~1 min

1539354095-picsay.jpg
ည ညဆိုသည့်အတိုင်း တိတ်ဆိတ်လွန်းသော်လည်း

ပကတိ ငြိမ်သက်နေခြင်းတော့ မဟုတ်. . . .. ..

မြို့ပြ ရဲ့ ခြောက်ခြားစရာ ည အပြင်မှာရော

ဘယ်သို့တိုင် ဆူညံနေပါဘိ တိတ်ဆိတ်နေပါဘိ

အို ငါ့ကိုယ် ငါပြန် ခြောက်လှန့်နေခြင်းပါလား

အသိစိတ် တချို့ ကိုဖုံးဖိရင်း ကျော်လွန်ရ တဲ့ည

ဒီလိုညတွေ များခဲ့ပီ ဘယ်နေ့ ဘယ်သို့တိုင်

တစ္ဆေ တစ်ကောင် လို အကြိမ်ကြိမ် ပြန်လည်ခြောက်လှန့်

တကယ်တော့ ငါဟာ တစ္ဆေ တစ်ကောင်

ငါဟာ တစ္ဆေ တစ်ကောင် . . . . . . . . . . . . .

ဒါဟာငါ့ရဲ့ ည တစ္ဆေ တစ်ကောင်ရဲ့ ည. . . . . . .

ငါဟာ တစ္ဆေ တစ်ကောင် . . . . . . . . . . . . .

Author-eain@eain
12/10/18
8:30Pm

တစ္ဆေ တစ်ကောင်ရဲ့ည | Ecency