တစ္ဆေ မမြင်တဲ့ ဝိညာဉ်ရှင်

eain(49)
Published in
#busy
Words
117
Reading
1 min
8y
Listen to this post
~1 min

IMG_20181016_151727.jpg
အဝေး ကိုတစ်ခါမှ မျှော်မကြည့်ဖူးတဲ့ငါ
ခေါင်းငုံ ပီး လမ်းလျှောက် တတ်နေဆဲ
အိမ်မက်ထဲက နေငါ့ လျှောက်ခဲ့တဲ့ လမ်းကို
ပြန်လိုက်ကြည့် မိတယ် လူဆိုး လူညစ်တွေရော
လူကောင်း တချို့ပါတွေ့ရတယ် သူတို့တွေ
တွဲသွားကြရင်း လူကောင်းတွေ ပါ အရောင်
ပြောင်းကုန် တယ် ဒါကဘာသဘောလဲ။
မျှော်တလင့်လင့် နဲ့ အိမ်မက် ကို ခြေဆန့်လို့
နှုတ်ဆက် ထွက်ခွာသူဆီ ရောက်လေပြန်တော့
ဝေဝေ ဝါးဝါး ဘဲ ကျေကျေနပ်နပ် ဘဲ ငါပြုံး နေမိတယ်
တစ္ဆေ တစ်ကောင်ဟာ ပျော် ရွှင်နေတဲ့ ဝိညာဉ်
ပိုင်ရှင် တွေကို မမြင်ရ တတ်ဘူးလေ သူ ပျော်နေလေရဲ့
ဒါကလဲ ငါ့ကို ဖြေသိမ့်နိုင်စေပါရဲ့။

ခြေဦးတည့် ရာ လျှောက်လာပြန်တော့ ရှုပ်ထွေး ပွေလီ
တဲ့ညနက် ရဲ့ အမှိုက် သရိုက် လူသား ဆန်သည်လား
မဆန်သည်လားတော့ မသိ အပျော် လွန်ကြူး ယစ်မူး
နေတဲ့ ဟိုတစ်စု ဒီတစ်စု လူသား တို့ကို တွေ့လေရဲ့
သူတို့ပျော် နေကြခြင်း ကအပျော် အစစ် တော့ မဟုတ်
ငါ သည် တစ္ဆေ ပျော်နေတဲ့ ဝိညာဉ် ရှင် ကို ငါ
မမြင် ရတတ် ငါမြင်နေသည့် လူသားများမှာ
အို ပျော်နေ တဲ့ ဝိညာဉ် ရှင် လေးရေ သာယာစွာ
အိပ်စက်အနားယူ နေပါလေ စ လောကကြီး ရှုပ်ထွေး
မှု့ကို ဝိညာဉ်သစ်လေး အား ရှောင်ရှား နိုင် အောင် စောက်ရှောက် နိုင်ပါစေသား။

Author-eain@eain
16/11/18
3:24Pm