အပယ်ခံ တစ္ဆေ

eain(49)
Published in
#busy
Words
60
Reading
1 min
8y
Listen to this post
~1 min

IMG_20181015_094134.jpg
လမ်းမ တိုင်းပေါ် လျှောက်သွားချင်တယ်
နာရီတွေကို ရပ်တန့်ထားပီး
ကိုယ့်ကို တန်ပြန်လာမယ့် ဒဏ်ရာတစ်ခုကို
မျော်လင့်ရင်း အထီးကျန်မှု ကိုကြောက်နေတယ်။

ပစ္စုပန် နဲ့ အနာဂတ်ကြားက စည်းလေး
တစ်ကြောင်းက သိပ့်မကွာဟ သလို
ကိုယ့်ကို ကိုယ် လဲ ယောင်လည်လည် နဲ့
အနားမှာ ဘယ်သူ ရှိလဲ ကြည့်လိုက်တော့
ကိုယ့် အရိပ် ကိုလူထင်မိ။

ဓါတ်မီးတိုင် အောက် ရောက်နေစဉ်
ကိုယ့် ကိုကိုယ် ပြန်ကြည့် ချင်မိတယ်
အဝေး တစ်နေရာက လူရုပ်တော့
ပေါက်လောက်ပါရဲ့ အပယ်ခံ ဆိုပေမဲ့။

မြူတို့ဆိုင်း တော့မယ့် ဆောင်း တစ်ဖန်လှည့်ပြန်ပီ
အတိတ်လိုဘဲ အရိပ်လိုဘဲ အရင်လိုဘဲ
မနေ့ကလိုဘဲ ဒီနေရော မနက်ဖြန် ငါသည်
အပယ်ခံ တစ္ဆေ ။

Author-eain@eain
15/10/18
9:47Am

အပယ်ခံ တစ္ဆေ | Ecency