နိုးတဝက်နဲ့ အိပ်ပျက်ည
ရှည်လျားလွန်းသည့်အလား
မနှိပ်စက်ပါ နဲ့တော့လား
အသင်ကံကြမ္မာ
ဝေဝေ ဝါးဝါး နဲ့ ငါ့ရဲ့နားထဲ
ခေါ်သံလိုလို ကြားပေမယ့်
မသေချာ မရေရာဘူး
တိတ်တိတ်လေး နားထောင်နေမိတယ်
တစ္ဆေ တစ်ကောင်ရဲ့ ခေါ်သံ လိုလို
ညနက် နေပီလေ မအိပ်ကြ သေးဘူးလား
ငါ့ မှာလဲ အသွေးသားနဲ့လူ
အနားယူချင်နေပီ
နားနှစ်ဖက်ပိတ် ထားလဲ မသဲကွဲ
အသံက စူးငင် နေလေ ရဲ့
နှိပ်စက် ကြပါ နှိပ်စက်ကြပါ
တစ်ခုတော့ပြော ချင်ရဲ့
ငါလဲ လူပေမို့ ညနက် တွေ
အနားယူချင်ပါရဲ့
အိမ်မက်ထဲ က အို တစ္ဆေ
Author-@eain
14.10.18
20:58Pm