အလှူဒါနသည် ယဉ်ကျေးမှု အလှလည်းဖြစ်သည်။ ကျေးလက် ရှင်ပြု အလှူများသည် ထမင်းရေချောင်းစီး ပေါင်းပြီးသွန်ရန် ရာဝင်ကြေးအိုး မီးထိုးပါမြန်မြန် ဟူသော သီချင်းစာသားအတိုင်း အကြီးအကျယ် ကျွေးမွေးသည့် ပွဲများဖြစ်သည်။ ကျေးရွာသူ ကျေးရွာသားများ ကာလသား ကာလသားသမီးတို့ သည် ချက်ပြုတ်သူ မဏ္ဌပ်ထိုးသူ စသည်ဖြင့် မနားမနေ တစ်ယောက်တစ်လက် ဝိုင်းဝန်း ဆောင်ရွက်ကြမြဲ ဖြစ်သည်။ အလှူမြင်ကွင်းသည် အလှူရှင် ၏ စေတနာ အလှူပရိသတ်တို့ ၏ ဝမ်းသာပီတိ ဖြစ်မှုတို့  ထင်ဟပ် နေမြဲဖြစ်သည်။ သွက်လက်ရွှင်မြူးသော ကာလသားတို့ ၏ ဒိုးပတ်ဝိုင်း ကား အလှူ၏ သင်္ကေတ အလှအပ များပင်ဖြစ်သည်။ မြင်းကိုစီး၍ ရွှေထီးဆောင်းထားသော မောင်ရင်လောင်းနှင့် နောက်ပါးက ကွမ်းတောင်ကိုင် ပန်တောင်ကိုင် ကျေးရွာသူအပျိုချော တို့ သည်လည်း မြန်မာမှု မြန့်မာဟန် ပီပြင်လှသော မြင်ကွင်းဖြစ်သည်။