Windows Installation (Final Chapter)

Words
140
Reading
1 min
Listen
Play
4y

fb_img_1638790212152.jpg

သူ့ laptop ကို ပြန်သွင်းပေးရသည့် software က များများစားစား မရှိပေ။ အဓိကက photoshop နဲ့ microsoft office ဖြစ်၏။ windows တင်ပြီး၊ update ပါ လုပ်ပေးပြီးနောက် ထို software များ ပြန်သွင်းပေး ဖြစ်၏။ သူ နဂို သုံးတာက photoshop cc 2019 ဖြစ်၏။ ခု 2020 ရှာတွေ့ သဖြင့် 2020 သွင်းပေးလိုက်၏။ သုံးရတာ ဘယ်လိုနေမည်ကိုတော့ မသိပေ။ နောက်ရက်မှ မေးကြည့်ရမည်။

office ကိုလည်း 2021 တွေ့သဖြင့် သွင်းပေးလိုက်၏။ ဒါပေမယ့် ပြန်ဖြုတ်လိုက်ရ၏။ 2021 ကို activate လုပ်ဖို့ နည်း ရှာမတွေ့သောကြောင့် ဖြစ်၏။ 2019 သာ ပြန်သွင်း ပေးလိုက်ရ၏။ 2019 က activate လုပ်လို့ရ၏။

img_0.8965709175420016.jpg

သူ့ အတွက် မဖြစ်မနေ သွင်းပေးရသည့် software တခုက zawgyi နဲ့ စာရိုက်လို့ရမည့် software (keyboard) ဖြစ်၏။ zawgyi နဲ့ အရိုးစွဲ အသားကျနေသူများအဖို့တော့ ထို ဒုက္ခ က မသေးပေ။ ကျနော် လည်း ထိုနည်းလည်းကောင်းပင် မဟုတ်လား။ Unicode သာ သွင်းထားသည့် pc နှင့် စာမရိုက်ဖြစ်ဘဲ ph နဲ့သာ ရိုက်ဖြစ်နေတာကိုကြည့်တော့။

သူ့ အတွက် ထို software ရှာပေးရင်းနှင့် ကျနော်ပါ အဆင်ပြေသွားခဲ့၏။ unicode ကော zawgyi ကော ရိုက်လို့ရသည့် software ဖြစ်၏။ ကျနော့်လို zawgyi နဲ့သာ အသားကျနေသူများအဖို့ တကယ့်ကို အဆင်ပြေ၏။ unicode နှင့် ပို့ဖို့လိုလည်း မခက်ပေ။ zawgyi နဲ့ ရိုက်ပြီး zawgyi to uni converter နဲ့ ပြောင်းလိုက်ရုံသာ။ ထို software ကို မိတ်ဆွေတို့အား မျှဝေပေးလိုက်ပါသည်။ ကျနော့် အတွက် တော့ တကယ် အဆင်ပြေ၏။

Windows Installation (Final Chapter) | Ecency