Window 7 Start up error

Words
391
Reading
2 min
Listen
Play
8y

FB_IMG_1527335451652.jpg

ဒီနေ့ အဖို့ စာသင်ချိန် ပြီးပြီ မလို့ ပြန်ရင် ပြင်လိုက်၏။ စနေ တနင်္ဂနွေ နေ့မျိုး ဆိုလျှင် စာသင်ချိန် နည်း၏။ နာရီကြည့်မိတော့ နံနက် (၁၁) နာရီ ကျော်နေပြီ ဖြစ်၏။ အိမ်သို့ ဆိုင်ကယ် အသာမောင်းပြီး ပြန်လာခဲ့၏။ လမ်းတ၀က်မှာ Phone ထမြည်၏။ အသိအကို တယောက် ဆက်ခြင်း ဖြစ်၏။ သူ့ဆိုင်က စက် window မတက်လာလို့ ဖြစ်၏။ ဆိုင်မှာ ရှိသည့် ၀န်ထမ်း အကိုကလည်း သူ သိသလောက် တတ်သလောက် လုပ်ကြည့်၏။ သို့သော် မရသဖြင့် ထိုအကိုက ဆက်လာခြင်း ဖြစ်၏။ ထိုအကို ခရီးသွားနေသောကြောင့် ကျနော့်အား တချက်လောက် သွားကြည့်ပေးရန် အကူအညီ လှမ်းတောင်း ခြင်း ဖြစ်၏။ ကျနော်လည်း အချိန်ရနေသောကြောင့် တလက်စတည်း ထိုအကို ဆိုင်သို့ ထွက်လာလိုက်၏။

ဆိုင်ရောက်တော့ စက်ကို ကြည့်၏။ စက်က logo တော့ ကျော်၏။ သို့သော် window မတက်ပဲ start up error ပြနေ၏။ ကျနော်လည်း စက်က ညွှန်ပြထားသည့် အတိုင်း လိုက်လုပ်ကြည့်၏။ IT နှင့် ပြီးထားပေမယ့် နည်းပညာပိုင်းက မထိတွေ့တာ ကြာတော့ မေ့တေ့တေ့ပင် ဖြစ်နေပြီ ဖြစ်၏။ ထို့ပြင် ယခု error မျိုးကို ကျနော် မကြုံဖူးပေ။ ဖြေလည်း မဖြေရှင်းဖူးပေ။ သို့နှင့် Google ခေါက်ပြီး ရှာရတော့၏။ တွေ့ပါပြီ။ နည်းလမ်းပေါင်း များစွာကို။ ကျနော်လည်း ရှာတွေ့သည့် နည်းလမ်းများအတိုင်း လုပ်ကြည့်၏။ တခု အဆင်မပြေ နောက်တခုနှင့် လုပ်ကြည့်၏။ စမ်းကြည့်လိုက် လိုက်ကြည့်လိုက်နှင့် မရပဲ ဖြစ်နေ၏။

startuprepair1.jpg
photo from Google

Window ခွေနှင့် repair ပြန်လုပ်လျှင် ရတာရ၏ဟု တွေးမိပြီး ဆိုင်ရှင် အကိုထံ phone ဆက်မေးမိ၏။ window ခွေများ ရှိသလားပေါ့။ ပြန်ဖြေသည်က အားရစရာပင်။ မရှိဘူး။ သို့နှင့် နောက်ထပ် အသိအကို တယောက်ထံ phone ဆက်မေးရတော့၏။ ထိုအကို က Computer & Phone service လုပ်သူ ဖြစ်၏။ သူ့နားမှာတော့ ရှိ၏။ သို့နှင့် လက်လုပ်စကို ခဏထားပြီး ထိုအကိုနား သွားကာ ခွေ ယူရ၏။ window 7 (32 bit) ဖြစ်၏။

ထိုစက်ကို တင်ခဲ့သည့် window ခွေ မဟုတ်လျှင် မရနိုင်ဘူးနော်၊ သို့ပေမယ့် စမ်းချင်လည်း စမ်းကြည့်ပေါ့ ဟု အသိအကိုက မှာလိုက်၏။ (window 7 ချင်းကော 32 bit ချင်းကော တူ၏) ကျနော်လည်း ရလိုရလား drive ထဲ အခွေထည့် boot setup ကို Hard disk အစား CD drive ရွေးပေးလိုက်၏။ စက်က ညွှန်ကြားသည့် အတိုင်း တဆင့်ချင်း ကို သေချာ လုပ်၏။ မရပေ။ ထို့ကြောင့် error ရှင်းပြထားသည့် video များ ထပ်လိုက်ရှာ၏။ စမ်းကြည့်၏ မရပေ။ ခေါင်းတွေလည်း ကိုက်လာ၏။ စိတ်လည်း သိပ်မရှည်ချင်တော့ပေ။ သို့နှင့် ဆိုင်ရှင် အကိုကို phone ထက်ဆက်ရ၏။ အကို window အသစ် ပြန်တင်လိုက်ရင်ကော ရလား။ အရေးကြီးတဲ့ data တွေရှိလား။ window အောက်မှာ မဟုတ်ပဲ storage အောက်မှာ သိမ်းထားပြီး ပြီလား လှမ်းမေးကြည့်၏။

615x487x16srt.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.tbEmh189FD.jpg
photo from Google

ထိုအခါ အကိုက data ထက် software တခု ရှိနေသော်ကြောင့် ဖြစ်နိုင်လျှင် window ပြန်မတင်ချင်ပေ။ window ပြန်တင်လိုက်လျှင် ထို software ကို ပြန်သွင်းရမည်။ ထို software က လုပ်ငန်းသုံး software ဖြစ်၏။ ကိုယ့်ကို သွင်းမရပေ။ သွင်းလိုလျှင် software company သို့ ပြန်ပို့ပေးရသည်တဲ့။ သေစမ်း … ကျနော် တော်တော် စိတ်ညစ်သွား၏။ မဆီမဆိုင် အနှီ software company ကို အပြစ်တင်မိ၏။ ကိုယ့်ကို အဲ့ software ပြန် install လုပ် run ခွင့် ပေးထားပြီးရောပေါ့ကွာ ဟု မချင့်မရဲ ရေရွတ်မိ၏။ ကိုယ့်ကို လုပ်ကြည့်နေရင်း မရသည့် အဆုံး နောက်ထပ် သူငယ်ချင်း တယောက် ထံ phone ဆက်ရပြန်၏။ သူကလည်း ကျနော့် လို IT သမားပင်။ မတူတာက ကျနော်က IT field ထဲမှာ မရှိတော့ပဲ သူကတော့ IT field ထဲမှာ ရှိနေသေး၏။ သူက ကျနော့်ထက်တော့ ပိုသိပေလိမ့်မည်။

Hard disk ကြိုးတို့ memory card တို့ လွတ်ရင်လည်း window မတက်နိုင်ကြောင်း သူက ဆို၏။ သို့နှင့် ကျနော်လည်း system ပုံးကို ဖွင့်ပြီး အထဲက ကြိုးတွေ ကဒ်တွေကို စစ်ရတော့၏။ အားလုံး အဆင်ပြေနေ၏။ သို့သော် start up မှာပဲ လည်နေသေး၏။ ကျနော် စိတ်မရှည်တော့။ ဗိုက်ကလည်း စာနေပြီ ဖြစ်၏။ နေ့လည် (၂) နာရီခွဲ ကျော်နေပြီ ဖြစ်၏။ သို့နှင့် သူငယ်ချင်းကို ထပ်ဆက်၏။ ခဏလောက် လာပေးနိုင်မလားပေါ့။ ခက်တာက သူက အလုပ်ထဲမှာ ဖြစ်နေ၏။ ညနေမှ လုပ်ကြည့်ရအောင်လေဟု အဖြေပြရန်၏။ ကျနော်လည်း အားမတန် မာန်လျော့ပြီး ပြန်ဖို့သာ ပြင်ရ၏။ မပြန်လို့လည်း မဖြစ်ပေ။ ဗိုက်ထဲတွင် အသံတို့က ဆူညံနေပြီ ဖြစ်၏။ ညနေမှ ထိုသူငယ်ချင်းနှင့် တခေါက် ထပ်သွားကြည့်ရပေလိမ့်မည်။

Don Jaun

MSC 31

Window 7 Start up error | Ecency