Wifi. Internet (Chapter 3)

donjaun(70)
Published in
MSC
Words
211
Reading
1 min
Listen
Play
7y

IMG_4862-01.jpeg

Broadband နှင့် တကိုယ်ရည်သုံး internet တွေ ခေတ်စားလာသော်လည်း ကျနော် မသုံးနိုင်သေးပေ။ ခေတ်ဦးပိုင်းမှာက service ပေးနိုင်သည့် အရေအတွက်က အတော်လေး နည်းသေး၏။ ရွေးချယ်စရာကလည်း မရှိသလောက်ပင်။ ထို့ကြောင့် ဈေးကလည်း များလေ၏။ ထိုစဉ်က internet ကလည်း အရေးတကြီး မလိုသေးဟု ပြောလို့ ရ၏။ သို့နှင့် ကျနော်လည်း အဆိုပါ internet service ကို မတပ်ဆင်ဖြစ်၊ မယူ ဖြစ်သေးပေ။ နောက်ပိုင်းမှ ယူ ဖြစ်သွားခြင်း ဖြစ်၏။

နောက်မှ ဆိုတော့ ဈေးကလည်း ကျပြီပေါ့။ ထို့ပြင် ရွေးချယ်စရာတွေကလည်း များသွားပြီ ဖြစ်၏။ တဖြည်းဖြည်း internet သုံးစွဲမှုက ယခင်ထက် ပိုများလာတော့ Mobile data နှင့်က မကိုက်တော့ပေ။ ထို့ကြောင့် ကိုယ်နှင့် အဆင်ပြေ ကိုက်ညီမည့် internet servie တခုခုကို ယူဖို့၊ တပ်ဆင်ဖို့ ရွေးရတော့၏။ အခြား မြို့များတော့ မသိ၊ ကျနော်တို့ မြို့မှာတော့ ရွေးချယ်စရာက (၅) ခုလောက် ရှိ၏။ ဈေးတွေကလည်း သိပ်မကွာကြပေ။ ထို ရွေးချယ်စရာ များထဲမှ we link ကို ကျနော် ရွေးလိုက်၏။ သူက ကျနော်တို့ မြို့ကို ကနဦးဆုံး ရောက်နေသည့် internet service ဖြစ်၏။

IMG_20200313_204839.jpg

ကျန်သည့် အရာများက သူ့နောက်မှ ပေါ်လာ၊ ရောက်လာခြင်း ဖြစ်၏။ ထို့ပြင် သူက အနိမ့်ဆုံး (2 MB) ကနေ စရ၏။ ကျန် operator တွေက 5 MB ကနေသာ စပေး၏။ အိမ်မှာ internet အသုံးများသူက ကျနော် တယောက်ထဲ ဖြစ်၏။ အမတွေက ရုံး ကိစ္စနှင့် နေ့လည် နေ့ခင်းဆို အိမ်မှာ မရှိပေ။ သူတို့ ရှိလို့ သုံးလည်း social media လောက်သာ၊ facebook ဘာဘာ ညာညာ လောက်ပေါ့။ သို့နှင့် ကိုယ့်အတွက် အဆင်ပြေသည့် 2 MB ကိုသာ ယူလိုက်ခြင်း ဖြစ်၏။ တကိုယ်တည်းသုံး (2 MB) က ကောင်းကောင်း ရပြီကိုး။

ကြီးကြီးမားမား down လိုလျှင်တော့ သူငယ်ချင်း phone ဆိုင်သို့ သွားပေါ့။ သူတို့က 10 MB, 20 MB တွေလေ။ သာမာန် size သိပ်မကြီးတာတွေကိုတော့ အခြား အလုပ်လုပ်နေရင်း down ထားလိုက်၏။ 2 MB ကလည်း သိပ်မဆိုးလှပေ။ တော်တော်လေး အဆင်ပြေလှ၏။ internet service ယူလိုက်မှပဲ ကျနော်လည်း phone bill, phone internet ဖိုး သက်သာ သွားတော့၏။ ယခုဆိုလျှင် phone ထဲ ထည့်ရ၊ ဖြည့်ရသည့် ပိုက်ဆံက phone ပြောဖို့ သက်သက်အတွက်လောက်သာ ဖြစ်သွားပြီ ဖြစ်၏။ internet ကိုတော့ ခု မိမိ တပ်ဆင်ထားသည့် wifi ကနေ သုံးပေါ့။

ဆက်ပါဦးမည်

Don Jaun

MSC 31

Wifi. Internet (Chapter 3) | Ecency