Wifi. Internet

donjaun(70)
Published in
MSC
Words
224
Reading
1 min
Listen
Play
7y

IMG_4862-01.jpeg

Welink က အတော်လေးကို အဆင်ပြေလှ၏။ တကိုယ်တည်း သုံး တလ တသောင်းခွဲ (2 MB) က အတော်လေး အဆင်ပြေလှ၏။ ခုနောက်ပိုင်း online game တွေပါ ဆော့ ဖြစ်လာတော့ wifi လေး ရှိထား၊ ယူထားတာ အတော်ပဲ ဖြစ်သွားခဲ့၏။ တနေ့ တနေ့ ဂိမ်းလေး ဆော့လိုက်၊ ပိုစ့်လေး တင်လိုက်၊ social media လေး သုံးလိုက်နှင့် အတော်လေးကို ဟန်ကျလို့ နေတော့၏။ 2 MB က တခါတလေ သိပ်အဆင်မပြေလှပေမယ့် သုံးလို့တော့ ဖြစ်နေ၏။

အိမ်ပြောင်းရတော့ welink ရုံးသို့ တခါ သွားရ ပြန်၏။ နေရာ အပြောင်းအလဲ လုပ်ဖို့ကိုပေါ့။ ယခု ပြောင်းလိုက်သည့် နေရာမှာ ရမရကိုပေါ့။ သွားမေးရသည့် အကြောင်းက ရှိ၏။ ခု ပြောင်းလိုက်သည့် နေရာက မြို့စွန်လည်း မဟုတ်၊ မြို့လည်လည်း မကျပေ။ ဘုန်းကြီးကျောင်းတွေနှင့် နီးသည့် နေရာ ဖြစ်နေတော့ internet တပ်ဆင်သူတွေ နည်းတော့ ရဖို့ မရဖို့က မသေချာဘူးကိုး။ ရုံးက ညီလေးကို ကိုယ် တိုင်းလာ၊ မှတ်လာသည့် GPS location ပြပြီး မေးကြည့်တော့ ရတယ် ပြော၏။

IMG_20200313_204839.jpg

သို့ပေမယ့် ခု ပြောင်းမည့် နေရာမှာက board က တခုပဲ ရှိသည်ဆို၏။ ပြောရလျှင် ထိုနေရာအတွက် နောက်ဆုံး board ဖြစ်သည် ဆို၏။ port မလွတ်လျှင်၊ မကျန်တော့လျှင်တော့ မရ နိုင်လောက်ဘူးဟု တပါတည်း ပြောလာ၏။ လိုက်ဆင်ပေးသူတွေကို သူ မေးပေးထားမယ်ဟု ရုံးက ညီလေးက ပြောလိုက်၏။ ပြီးရင် သူ အကြောင်း ပြန်ပေးမယ်တဲ့။ ထိုနေ့က သူ မဆက်လာသဖြင့် ကျနော် နောက်ရက် ရုံးထပ်သွားရ ပြန်၏။ ကျနော့်ကို တွေ့မှ ဆင်ပေးသူတွေကို တပါတည်း လှမ်းဆက်ပေး၏။ ရတယ်၊ port ကျန်သေးတယ် ဆို၏။ နေ့လည် ထမင်းစားပြီး လာတပ်ပေးမည် ပြော၏။

ရမှပဲ။ မရလျှင် လုံး၀ အဆင်မပြေပေ။ phone line က (၂) တိုက်လောက်ပဲ တက်၏။ internet ကောင်းကောင်း သုံးလို့ မရပေ။ တရက်သား ဂိမ်းဆော့ တုန်းက ကိုယ့် hero က မပြေားတော့ဘဲ တနေရာထဲမှာ ရပ်နေတော့၏။ internet က အဲ့လို ကောင်းတာ။ mobile data နှင့်သာ ဆိုရင် မလွယ်လောက်ဘူးရယ်။ ကောင်းကောင်းလည်း မကစားရ၊ ကစား ဖော်တွေကလည်း ဆူတာ ပြောတာ ခံရနိုင်သေး၏။ သို့နှင့် အနှီ wifi တော့ အဆင်ပြေမှ ပဲ ဖြစ်မည်။ နေ့လည်ခင်း ထမင်းစားပြီး ချိန်မှာတော့ ညီလေးတွေ လာ တပ်ပေးသွား၏။ ညတော့ အဆင်ပြေပြီ။

အနှီ wifi လေး ရသွားလို့သာ ကျနော့်မှာ အသက်ရှူချောင်တော့၏။ mobile data နှင့်ကလည်း ကောင်းကောင်း သုံးလို့ မရဘူးကိုး။ နေရာ ပြောင်းခ service fee တော့ နှစ်သောင်း ပေးလိုက်ရ၏။ မည်သို့ပင် ဆိုစေ internet ကောင်းကောင်း သုံးရဖို့ အရေးကြီးသည် မဟုတ်လား။

Don Jaun

MSC 31

Wifi. Internet | Ecency