Welcome Unicode

Words
252
Reading
2 min
Listen
Play
7y

t5n9axz4v5.jpg

ယခုတလော ခေတ်စားနေသည့် အကြောင်းအရာက Unicode ဖြစ်မည် ထင်၏။ တနိုင်ငံ အတိုင်းအတာနှင့် Unicode ပြောင်းဖို့ တွန်းအားပေးနေကြပြီ ဖြစ်၏။ အချို့က Zawgyi ကနေ Unicode သို့ ပြောင်းကုန်ကြပေမယ့် အချို့ကတော့ ရှိရင်းစွဲ Zawgyi လေးနှင့်ပဲ ပိုနေမြဲ ကျားနေမြဲ ဆက်နေ နေကြ၏။ ကျနော် ကိုယ်တိုင်လည်း Zawgyi မှာပဲ ဆက်နေရမလား၊ Unicode ပဲ ပြောင်းရမလား စဉ်းစားနေရ၏။ Unicode ပြောင်းလျှင် ကောင်းကျိုးများ အများကြီး ရှိမှန်း သိပါ၏။ ခက်တာက အရိုးစွဲနေသည့် Zawgyi ကိုကလည်း စွန့်ပစ်ဖို့ ခက်နေပြန်၏။

ကျနော့် Meizu က အလွယ်တကူ Unicode ပြောင်းလို့ မရပေ။ ဒါဆို ခက်နေလို့လား ဆိုပြန်တော့လည်း မခက်ပေ။ Root လုပ်ဖို့ လိုလို့လား ဆိုတော့ မဟုတ်ပေ။ Root လုပ်ဖို့ မလိုပေမယ့် Root permission တော့ on ပေးဖို့ လို၏။ ရှုပ်သွားသလား မသိ။ Root နှင့် Root permission ဘာကွာလို့လဲ ဆိုတော့ ကွာသည် ဟုပဲ ပြောရမည် ထင်၏။ ထို function က Meizu phone တွေမှာသာ ပါသည့် function ဖြစ်၏။ (အချို့ meizu phone တွေမှာတော့ ထို function မပါပေ) Root permission ဆိုသည်မှာ Root လုပ်ဖို့ အတွက် ခွင့်ပြုချက် တောင်းခံရသည့် သဘော ဖြစ်၏။ ထို permission on ပြီးမှ root လို့ ရ၏။

mgy6jv2i33.jpg

တချို့ softwares, apps များကို အသုံးပြုဖို့အတွက် Root လိုအပ်၏။ meizu phone တွေမှာတော့ root အထိ လုပ်စရာ မလိုဘဲ permission on ထားပေးလိုက်ရုံနှင့် သုံးလို့ ရ၏။ ထိုအချက်က meizu phone တွေ၏ အားသာချက် ဖြစ်၏။ permission on လိုက်လျှင် တခုတော့ မကောင်းပေ။ system update တိုက်ရိုက် တင်လို့ မရတော့ပေ။ Ota update အနေနှင့်သာ ရ၏။ update တင်တိုင်း Data တွေ ဆုံးရှုံးသွားနိုင်၏။ backup လုပ်ပြီး တင်လည်း ရ၏။ Wipe data မလုပ်ဘဲ တင်လျှင်တော့ data တွေ မပျက်ပေ။ သို့ပေမယ့် သုံးလို့ မကောင်းပေ။ root permission on လိုက်လျှင် ထိုပြဿနာများနှင့် ကြုံရနိုင်၏။

တနိုင်ငံလုံး အတိုင်း အတာနှင့် Unicode ပြောင်းကြမည် ဆိုလျှင်တော့ တခုခုတော့ လုပ်ရမည်။ root permission on ပြီး လုပ်တာပဲ ဖြစ်ဖြစ်ပေါ့။ သို့မဟုတ်လည်း ပညာရှင်များက လွယ်ကူအောင် လုပ်ဆောင်ပေးမည့် ဖော်ဆောင်ပေးမည့် နည်းလမ်းများကို သုံးစွဲပြီး ပြောင်းလဲခြင်း ဖြစ်ဖြစ်ပေါ့။ ထိုသို့ ပြောင်းလဲလို့ ရအောင်လည်း ပညာရှင်များက ဖော်ဆောင်ပေးလိမ့်ကြမည်ဟု ယုံကြည် မျှော်လင့် နေမိ၏။ system update လေး မှန်မှန်တင်၊ မှန်မှန်ရလိုနေသေးသဖြင့် root permission တော့ မ on ချင်သေးပေ။ ကျနော့် phone အမျိုးအစား အတွက် update မပေးတော့သည့် အချိန်ကြလျှင်တော့ တမျိုးပေါ့။

မည်သို့ပင် ဆိုစေ ကာလ ကြာရှည်ခဲ့သည့် Unicode Zawgyi တိုက်ပွဲသည် ဒီပုံအတိုင်းဆိုလျှင်တော့ အဆုံးသတ်သွားတော့မည် ထင်၏။ ကောင်းသော ပြောင်းလဲခြင်း ဖြစ်သဖြင့် ကောင်းကောင်းမွန်မွန်၊ အဆင်ပြေအောင် ဖော်ဆောင်ပေးနိုင်လျှင်တော့ ကောင်းပေလိမ့်မည်။

Don Jaun

MSC 31

Welcome Unicode | Ecency