မနေ့ မနက် ၇ နာရီခွဲမှာ ကစားသွားသည့် အိမ်ရှင် Mexico ပါဝင်နေသည့် Group A ပွဲစဉ်များမှာ Mexico က Czechia ကို ၀-၃ ဖြင့် လည်းကောင်း၊ South Africa က South Korea ကို ၁-၀ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရသွားခဲ့လေ၏။ Mexico က ၃ ပွဲကစား ၃ ပွဲလုံး အနိုင်ဖြင့် အုပ်စု ပထမ၊ South Africa က ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးဖြင့် အုပ်စု ဒုတိယ ရရှိသွားခဲ့၏။
South Korea အနေဖြင့် ၃ မှတ်သာ ရရှိထားသည်မို့ အကောင်းဆုံး တတိယနေရာဖြင့် နောက်တဆင့် တက်နိုင်ခွင့်က အခွင့်အရေးအတော်လေး နည်းမည် ဖြစ်၏။ အဆိုပါ အုပ်စုမှာ နောက်တဆင့်ကို Mexico နှင့် South Korea တက်ရောက်နိုင်မည်ဟု ထင်မှတ်ထားခဲ့ကြပေမဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ မထင်မှတ်ဘဲ South Korea က ရှုံးပွဲတွေ့သွားရခြင်းက အလှည့်အပြောင်း ဖြစ်သွားလေ၏။
Group E မှာတော့ Ivory Coast က Curacao ကို ၀-၂ ဖြင့် လည်းကောင်း၊ Ecuador က Germany ကို ၂-၁ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသွားခဲ့လေ၏။ Germany က အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စု ပထမ၊ Ivory Coast က အုပ်စု ဒုတိယ၊ Ecuador က ရမှတ် ၄ မှတ်ဖြင့် အုပ်စု တတိယနေရာမှာ ရပ်တည်နေ၏။ အကောင်းဆုံး တတိယနေရာဖြင့် နောက်တဆင့် တက်နိုင်ဖို့ အခြေအနေကောင်းနေခဲ့၏။
Group F မှာတော့ Japan က Sweden ကို ၁-၁ ဖြင့် သရေ၊ Netherlands vs Tunisia ပွဲစဉ်မှာတော့ Netherlands က ဖြင့် အနိုင်ရသွားခဲ့လေ၏။ Netherlands က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ ကျပြီး ၇ မှတ်ဖြင့် အုပ်စု ပထမ၊ Japan က ၁ ပွဲနိုင် ၂ ပွဲသရေ ၅ မှတ် ဖြင့် အုပ်စု ဒုတိယ၊ Sweden က ၁ ပွဲနိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံး ၄ မှတ်ဖြင့် အုပ်စု တတိယ (အကောင်းဆုံး တတိယနေရာ မျှော်မှန်းလို့ရ) နေရာမှာ ရပ်တည်နေ၏။
အာရှ အသင်းတွေထဲမှာ South Korea နှင့် Japan တို့ကို အများစုက ယခင် ကတည်းက မျှော်လင့်ထားခဲ့ကြပြီး ဖြစ်၏။ Saudi Arabia ကတော့ နာမည်ကြီး ကစားသမားတွေနှင့် သူတို့၏ Pro League ကို ပရိတ်သတ် စိတ်ဝင်စားအောင် လုပ်ဆောင် နိုင်ခဲ့ပေမဲ့ နိုင်ငံ အသင်းအတွက် အထောက်အကူ တစုံတရာ၊ အပြောင်းအလဲ တခုတလေ ပေးနိုင်ခြင်း မရှိ တာကတော့ စိတ်မကောင်း စရာပင်။ တတိယနေရာမှာ ၄ မှတ်ရတဲ့ အသင်းတွေ များလာလေလေ ၃ မှတ်သာ ရထားသည့် South Korea အဖို့ နောက်တဆင့် တက်ရေးက မှေးမှိန်ကောင်း မှေးမှိန် သွားနိုင်၏။
(photos from FIFA World Cup page)