We Draw

Words
169
Reading
1 min
5h
Listen to this post
~1 min

Brighton အသင်းကတော့ Brentford ကို အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်လှမ်း သွားခဲ့ပါပြီ။ ပထမပိုင်းမှာတင် သွင်းဂိုး ၂ ဂိုးလုံး ရယူသွားခဲ့တာပါ။ ၁၅ မိနစ်နဲ့ ၄၂ မိနစ်တွေမှာ သွင်းယူသွားခဲ့တာပါ။ Brentford ရဲ့ အားထားရတဲ့ တိုက်စစ်မှူး Igor Thiago ၂၃ မိနစ်မှာ တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ် ခံခဲ့ရတာကြောင့်လဲ Brentford အနေနဲ့ ပြန်လာနိုင်ဖို့ ခက်ခဲသွားခဲ့ရပါတယ်။ Brighton အနေနဲ့ ဒီရာသီမှာ အတော်လေး ခြေစွမ်းပြ ခြေစွာနေပါတယ်။ အဆင့် ၁ က Arsenal နဲ့ ၅ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

Liverpool ကတော့ Crystal Palace ကို ၁-၃ နဲ့ အနိုင်ယူပြီး အဆင့် ၄ နေရာကို တက်လှမ်းလို့ လာခဲ့ပါတယ်။ အနိမ့်အမြင့် အတက်အကျတွေ ဖြစ်နေတာကတော့ Chelsea အသင်းပါပဲ။ Sunderland ကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲ ရှုံးသွားလို့ Chelsea တို့ အဆင့် ၅ နေရာ ဆင်းပေးလိုက်ရပါတယ်။

Chelsea က ထား၊ တကယ် ဆိုးနေတာက United ပါ။ ကောင်းလွန်းနေတာ မဟုတ်ပါဘူး။ တကယ်ကို ဆိုးလွန်းနေတာပါ။ တဖက်က ကြည့်ပြန်တော့လည်း Aston Villa ဆိုတာ Sir Alex လက်ထက် ကတည်းက ဒုက္ခ ပေးနေကြ အသင်းဆိုတော့ သရေကျတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ။ United နောက်တန်းဟာ အဓိက ‌ပြင်ဆင်ရမယ့် အရာဆိုတာကို တဖြည်းဖြည်း ထင်သာ မြင်သာလာခဲ့ပါပြီ။ ပွဲတိုင်း ဂိုးတွေ ပေးနေရတာကိုက မဟုတ်တာပါ။

ကံကောင်းလို့ သရေ ကျတာလို့ ဆိုရလောက်အောင် မိနစ် ၉၀ ကျော်မှာ လိုအပ်နေတဲ့ ဂိုး ၂ ဂိုးကို သွင်းယူနိုင်ခဲ့ပြီး သရေ ရလဒ်ကို ရယူနိုင်ခဲ့တာပါ။ ဒီဂိုးတွေသာ မရရင် ရှုံးသွားနိုင်ပါတယ်။ ဘာပဲ ပြောပြော မရှုံးသွားတာပဲ တော်သေးတယ် ဆိုရမှာပါ။ သေချာတာ တခုကတော့ United ရဲ့ လက်ရှိ လူစာရင်းနဲ့ဆို ဘာမှ ကောင်းကောင်း လုပ်လို့ရမှာ မဟုတ်ပါဘူး။ January အပြောင်းအရွှေ့မှာ လူ မဖြည့်ဘူး ဆိုရင်တော့ ဘာဖလားမှ မမှန်းနေပါနဲ့တော့လို့ ပြောပါရစေ။

(photos from EPL page)

We Draw | Ecency