ဒီနေ့ည တနည်းအားဖြင့် မနက်ဖြန် မနက် ၁ နာရီ ဝန်းကျင်မှာ ဘောလုံးပွဲ ပွဲကောင်းလေးတွေ ကြည့်သွားရဖို့ ရှိနေပါတယ်။ စိတ်ဝင်စားဖို့ အကောင်းဆုံးက မနက် ၁ နာရီခွဲမှာ ကစားမယ့် PSG vs Aston Villa တို့ရဲ့ UEFA Super Cup ပွဲစဉ် ဖြစ်ပါတယ်။ UCL ချန်ပီယံနဲ့ UEL ချန်ပီယံတို့ ထိပ်တိုက် တွေ့ဆုံပြီး ဥရောပ ဘုရင် လုကြမယ့် ပွဲစဉ် ဖြစ်ပါတယ်။ နှစ်နှစ်ဆက် UCL ချန်ပီယံ PSG အနေဖြင့် Super Cup ကိုပါ ထပ်မံ ရယူသွားနိုင်မလားက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ မနှစ်က Super Cup ကိုလည်း PSG ကပဲ ရထားတာပါ။
မနှစ် UEL ချန်ပီယံ Tottenham နဲ့ ယှဉ်ပြိုင် ကစားခဲ့ရတာပါ။ ၂-၂ သရေ ရလဒ် ထွက်ပေါ်နေလို့ ပင်နယ်တီအထိ ရောက်သွားခဲ့ပြီး PSG က ၄-၃ ဖြင့် အနိုင်ရသွားခဲ့တာပါ။ လက်ရှိ PSG ရဲ့ ခြေစွမ်းက အတော်လေး ကောင်းလွန်းလှပါတယ်။ တည်ငြိမ်ပြီး ထက်မြတ်တဲ့ ကစားဟန် ရှိပါတယ်။ UCL ချန်ပီယံ ဆိုတဲ့ အတိုင်း ကစားတဲ့ ပုံစံက တကယ်ကို ညက်ညော ပါတယ်။
တဖက်မှာလည်း နည်းပြ Unai Emery ရဲ့ လင်ထက်မှာ တဖြည်းဖြည်း တိုးတက်လာတဲ့ Aston Villa အသင်း အနေဖြင့် PSG ကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်စွမ်း ရှိနေပါတယ်။ UEL သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြလို့ ဆိုရအောင်ထိ ဖလားအောင်မြင်မှုတွေ ရထားတဲ့ နည်းပြပါ။ Arsenal အသင်းမှာ လွဲချော်မှုတွေ ရှိခဲ့ပေမဲ့ Aston Villa မှာတော့ သူ အစွမ်းတွေ ထုတ်ပြနေခဲ့ပါပြီ။
PSG အသင်း အနေဖြင့် ပိုသာနေတယ် ဆိုပေမဲ့ ဘောလုံးဆိုတာက အလုံးကြီး မလား။ Aston Villa ကို လျော့တွက်ထားရင်တော့ PSG အနေနဲ့ ပေးဆပ်မှု ကြီးသွားပါလိမ့်မယ်။ Aston Villa အနေဖြင့် နောက်ထပ် ဥရောပ ဖလား အောင်မြင်မှုတွေကို အရယူဖို့ ကြိုးစား သွားမှာပါ။
UEFA Super Cup final အပြင် အခြား ပွဲကောင်းတွေလည်း ရှိနေပါသေးတယ်။ Arsenal vs Como, Man United vs Leed, Nottm Forest vs Leverkusen ထို့ပြင် Real Madrid ပွဲစဉ်၊ Napoli အသင်း တို့ရဲ့ ခြေစမ်း ပွဲစဉ်တွေလည်း ကစားသွားဖို့ ရှိနေပါသေးတယ်။
(photos from UEFA page)