Ubuntu Font

Words
211
Reading
1 min
Listen
Play
2y

Font တွေထဲမှာ ကျနော် အကြိုက်ဆုံး font က Ubuntu font ဖြစ်၏။ ဘာလို့ ကြိုက်လဲ မေးရင် ကျနော် မဖြေတတ်၊ ဒီအတိုင်း ကြိုက်ချင်လို့ကို ကြိုက်တာဟု ပြောရပေလိမ့်မယ်။ တကယ်လည်း အကြောင်းပြချက် မရှိဘဲ အဆိုပါ font ကို နှစ်သက်ခြင်း ဖြစ်၏။ ဘယ်လောက်ထိ ကြိုက်လဲ ဆိုရင် ကိုင်ခဲ့ဖူးသည့် phone တိုင်းမှာ အဆိုပါ Ubuntu font ကို သွင်းပြီး သုံးခဲ့၏။

Root လုပ်မရခင် ခဏသာ build in font ကို သုံးခဲ့၏။ root လုပ်လို့ရပြီဆိုသည်နှင့် Ubuntu font ကို ပြောင်းသုံးခဲ့သည်ချည်းသာ ဖြစ်၏။ custom font ရွေးမရသည့်၊ support မပေးသည့် phone, firmware မျိုးတွေကကြ root လုပ်ပြီးမှသာ font ချိန်းလို့ ရ၏။ Huawei U8825, Sonny M4 aqua, Meizu M6 တို့လို ဟာလေးတွေပေါ့။ ထို phone တွေ ကိုင်တုန်းက Magisk root ကို မသိ၊ မရင်းနှီးသေးသဖြင့် အတော်လေး တိုင်ပတ်ခဲ့ဖူး၏။

Root လုပ်ဖူးသမျှထဲ တိုင်အပတ်ဆုံး၊ အခက်ဆုံးက Sony M4 aqua လေး ဖြစ်၏။ ကျနော် M4 စကိုင်ချိန်မှာ Zawgyi အစား Unicode သုံးဖို့ စပြီး ကြိုးစား ပြောင်းလဲနေကြချိန် ဖြစ်၏။ တွန်းတဲ့သူတွေက တွန်းနေပေမယ့် ပေကပ်ကပ်နဲ့ Zawgyi မှာပဲ ဆက်နေဖို့ လုပ်နေသူတွေကလည်း ရှိသေး၏။ ကျနော်လည်း အပါ အဝင်ပေါ့။ နှစ်ရှည်လများ အသားကျလာခဲ့သည့် စနစ်တခု ဖြစ်နေတော့ အခြား စနစ်တခု ပြောင်းဖို့က အတော်လေး ခက်၏။ စံ စနစ်တခု ဖြစ်နေသည့်တိုင်ပေါ့။


photo source

ထိုစဉ်က မြန်မာပြည်သို့ တင်သွင်းသည့် Samsung, oppo, vivo အစရှိသည့် phone တွေမှာ Zawgyi font ကိုပါ build in ထည့်ထား ပေးတာသာ ကြည့်လေ။ နောက်ပြီး telecom operators တွေကအစ message ပို့ရင်တောင် Zawgyi နဲ့သာ ပို့ကြ၏။ ထိုစဉ်က Zawgyi က လူသုံးများ၊ လူကြိုက်များ၏။ စံစနစ် Unicode သုံးသည့်သူတွေပင် အရူးလို၊ ငဂေါက်လို အထင်ခံနေရ၏။ ထို့ကြောင့် အချို့လည်း Zawgyi ပဲ ပြန်သုံးကြ၏။

တနိုင်ငံလုံး အတိုင်းအတာနဲ့ Unicode သုံးဖို့ ကြိုးစားကြမှသာ အဆိုပါ စံစနစ်ကို လူတွေ တဖြည်းဖြည်း သုံးလာကြ၏။ ဒါတောင် တော်တော်လေး အချိန် ပေးလိုက်ရ၏။ အားလုံး ဝိုင်းဝန်းကြတော့ အရွေ့တခုက မြန်မြန် ဖြစ်ထွန်းတာပေါ့။

Zawgyi ထက် Unicode က ပိုအဆင်ပြေ၊ ပိုအသုံး တည့်ကြောင်း နားလည် လက်ခံ သွားကြတော့ Unicode ကို ပြောင်းသုံးလာကြ၏။ ခုကလေးတွေဆို Unicode နှင့်သာ ရင်းနှီးကျွမ်းဝင်ခွင့်ရသွားပြီ ဖြစ်၏။

ဆက်ရန်

Ubuntu Font | Ecency