တောက်တောက်ရဲ

Words
155
Reading
1 min
Listen
Play
1y

အာရုဏ်ချိန်မှာ Crypto Market ကြီး ရဲရဲနီသွားသည် ဆို၏။ မသိလိုက်။ အဲ့အချိန် အိပ်ပြီလေ။ မနက်ရောက်မှ Social media တွေမှာ တွေ့၏။ မနက် ကျနော် အိပ်ရာ ထချိန်ထိကို နီနေဆဲပင်။ ဘာကြောင့်ရယ်တော့ မသိပေ။ သတင်းတွေ အရတော့ အမေရိကန် သမ္မတ Donald Trump ၏ တရုတ်ပြည်မှ တင်သွင်းသော ကုန်စည်များကို 100% အခွန် ကောင်မည် ဆိုသော ကြေငြာချက်ကြောင့်ဟု ပြောနေကြ၏။

တရုတ်မှ တင်သွင်းသည့် ပစ္စည်းတွေသာ မက ပြည်ပသို့ သွားမယ့် အရေးကြီးသော နည်းပညာများ အပေါ်မှာလည်း အမေရိကန် အနေဖြင့် ထိန်းချုပ်မှု ပိုမို လုပ်ဆောင် သွားဖို့ ရှိနေသည် ဆို၏။ ကနဦး ထွက်ပေါ်လာသည့် အဆိုပါ သတင်းတွေကြောင့် ခုလိုမျိုး ဈေးကွက်ကြီး နီရဲသွားရခြင်း ဖြစ်သည် ဆို၏။

တိကျခိုင်လုံသော သတင်းရယ်လို့ ပြောမရသေးပေမယ့် ကောလဟာလ လေလား ဆိုပေမယ့် ဈေးတွေကတော့ ကျသွားခဲ့၏။ ရဲရဲနီနေတာများ ကြည့်ရက်စရာ မရှိပေ။ ဈေးတွေ ထိုးကျသွားချိန်မှာ Exchange အချို့ အဝယ် ပိတ်ထားသည် ဆို၏။ ဈေးကျချိန် အလုအယက် ဝယ်ယူကြမည် စိုးသောကြောင့်ဟု ဆို၏။

အမေရိကန်နှင့် တရုတ်တို့၏ Trade War က ဟိုးယခင် ကတည်းက ရှိနေခဲ့ပြီးသား။ ခုက တဖြည်းဖြည်း ပိုပြီး အရှိန်ကောင်းလာသည့် သဘော ဖြစ်၏။ Trade War 2.0 ဟု အချို့က ခေါင်းစဉ် တပ်ကြလေ၏။ ထို့ကြောင့်ပင် Crypto ဈေးကွက်ကြီး ခုလို ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရခြင်း ဖြစ်လေသည်ဟု ပြောနေကြ၏။

အားလုံး ကျမှတော့ ကိုယ်တွေရဲ့ ဇာတ်လိုက်ကျော် HIVE လည်း ဘယ်နေမလဲ နဂိုက မတက်ပါဘူးဆို ခုက ပိုကျပေါ့။ 0.2$ နား တဝဲလည်လည် ဖြစ်နေခဲ့ရာက 0.13$ ထိကို ဆင်းသွားလေတော့၏။ သူများတက်တော့ မတက် အားလုံးကျတော့ လိုက်ကျတယ်။ ကောင်းရော။ Market ကြီး တည်ငြိမ်သွားလို့ သူများတွေ ပြန်တက်ချိန်မှာ ကျော်ကြီးလည်း လိုက်တက်ပေးပါဦးလို့ တိုက်တွန်း လိုက်ရပါတယ်။

ဈေးကျနေပေမယ့် ဝယ်ကိုင်ထားစရာ မရှိ၊ မသိနေလို့ စာသာ ဆက်ရေးနေပါဦးမည်။ ပိုစ့်တင်ဖို့ အတွက်ပေါ့။

တောက်တောက်ရဲ | Ecency