Spark OS 13.2 (Chapter 1)

Words
184
Reading
1 min
Listen
Play
4y

PC ပြီးနောက် နောက်ထပ် တမျိုးက phone ဖြစ်၏။ PC ကတော့ Windows 11 နှင့် အဆင်ပြေသွားခဲ့ပြီ ဖြစ်၏။ သို့ပေမယ့် Data တွေတော့ မရှိတော့ ပေ။ အမှတ်တရ ဓာတ်ပုံတွေ ဗီဒီယိုတွေ ဘာဆို ဘာမှ မရှိတော့ပေ။

laptop သာ ဆက်သုံးဖြစ် ရှိနေသေးရင် data တွေ ရှိနေနိုင်သေးသည်ဟု နှမြောတသတော့ ဖြစ်မိသား။ laptop က ကိုယ်တယောက်ထဲ တကိုယ်ရေ သုံးမလား။ မမကြီးက laptop သုံးကြည့် (computer စာစီစာရိုက်နဲ့ အခြားသော လေ့လာ သင်ယူစရာများ လုပ်လိုသဖြင့်) ကျနော့် laptop ကို ပေးထားလိုက်၏။ သူ လွတ်လွတ်လပ်လပ် သုံးလို့ရအောင်ဆိုပြီး laptop ထဲက ကျနော့် data တွေကို PC ထဲ ရွှေ့ပြီး windows အသစ် ပြန်တင်ပြီးတော့ ပေးထားလိုက်၏။

ဘာမှ မဖြစ်ရင်သာ မဖြစ်တာ ဖြစ်သွားပြန်တော့ ခုလိုမျိုး ချက်ချင်း ကြီးရယ်ပေါ့။ PC ထဲမှာ အဘယ် အမှောင့်ပယောဂ ဒုက္ခမှ မကြုံခဲ့ရသည့် ကျနော်၏ Data လေးတွေ ယခု တကြိမ်မှာတော့ မရပ်တည်နိုင်တော့ပေ။ ရှိစေတော့ ဖြစ်ပြီး တာတွေလည်း ဖြစ်သွားခဲ့ပြီကိုး။ ပြန်ကြည့်စရာ ဓာတ်ပုံ၊ ဗီဒီယို တွေ မရှိရတော့ကား စိတ်ထဲ စွဲထင်ကျန်ရစ်နေသေးသည့် အမှတ်တရလေးတွေကိုသာ ပြန်လည်နွှေးလို့ အောက်မေ့ သတိရရုံပေါ့။

phone အတွက် Spark os version အသစ် ထွက်၏။ လက်ရှိ ကျနော် သုံးနေတာက 12.4 (android version 12) ဖြစ်၏။ 12. 6 လည်း ထွက်သေး၏။ ဒါပေမယ့် Android 12 ချင်း အတူတူပဲ ဖြစ်နေလို့ မတင်သေးဘဲ စောင့်နေခဲ့၏။ မနေ့ကတော့ version 13.2 ထွက်၏။ Android version 13 ဖြစ်၏။ အိုကေလေ တင်တာပေါ့ ဆိုပြီး download ဆွဲထားလိုက်၏။

သူ့ download link က telegram ဖြစ်နေတော့ ဆိုးတော့ ဆိုး၏။ zip file ကိုမှ 2 GB လောက်ရှိ၏။ ထို size လောက်ဆို telegram ကနေ down ပါက အတော်ကြာပေလိမ့်မယ်။ IDM တို့ ဘာတို့ ကနေ down လျှင်တော့ အဆိုပါ 2 GB က ဆယ်မိနစ်လောက်သာ ကြာပေလိမ့်မည်။ ဘယ်တတ်နိုင် မလဲ၊ သူက ဒီ link ပဲ ပေးထားမှတော့ ဒီကပဲ down ရုံပေါ့။

ဆက်ပါဦးမည်

Spark OS 13.2 (Chapter 1) | Ecency