ပေါချက်

Words
208
Reading
1 min
Listen
Play
2y

Evolution X က update ထပ်ပေး ပြန်ပြီ။ up to date တာကလည်း date ပေါ့။ ခုလောက်ထိကြီး up to date တွေ ဖြစ်နေပြန်တော့ အဆင်မပြေပေ။ Custom ROM ကိုပဲ ဒီအတိုင်း တင်ပြီး သုံးသူ ဆိုရင်တော့ သိပ်ကိစ္စ မရှိပေ။ သို့ပေမယ့် ကျနော့်လို Root (Magisk ) လုပ်ပြီး သုံးသူအဖို့ Update တင်ပြီးတိုင်း Magisk ပြန်သွင်း၊ Module တွေ ပြန်သွင်းနေရတာ အလုပ်တလုပ်။ ခုဆို update ၂ ခါတင်ပြီးလို့ Magisk လည်း ၂ ခါပြန် သွင်းခဲ့ရပြီးပြီ။

၃၊ ၅ ရက်နေ့တွေက update တွေ ချပေးလို့ ၄၊ ၆ ရက်နေ့တွေမှာ update တင်လိုက်၏။ ဟော ခုလည်း မနေ့က ၇ ရက်နေ့မှာ ၆ ရက်နေ့ date နှင့် update ပေးနေပြန်ပြီ။ တင်တော့ မတင်သေးပေမယ့် download တော့ လုပ်ထားလိုက်၏။ စောင့်လို့ရရင်တော့ စောင့်ပြီး နောက် update မှပဲ တင်တော့မယ်။ ဒီရက်ပိုင်း ပေးတာလေးတွေ minor update တွေဟု ပြောလို့ရ၏။ ထို့ကြောင့်လည်း major update မှပဲ တင်တော့မယ် တွေးထား၏။

နို့ဆိုရင် မကြာခဏ update တင်လိုက် Magisk ပြန်သွင်းလိုက်နှင့် အတော်လေး အလုပ်ပိုလှ၏။ တပတ်တခါလောက်ဆိုထားပါ။ ခုက ၅ ရက်အတွင်း ၃ ကြိမ်လောက် update တွေ လာပေးနေတော့ တဆိတ်လေးများ မလွန်ဘူးလားပေါ့လေ။

Evolution X ROM နဲ့တင် ဗြာများ နေသူပါဆို နောက်ထပ် custom ROM ထပ်ထွက်လာပြန်၏။ Developer ကတော့ တယောက်ထဲပင်။ Evolution X ကော၊ Alpha ကော၊ ခု အသစ်ထွက်သည့် Cherish OS ကော သူတယောက်ထဲ ရေးခြင်း ဖြစ်၏။ ယခု Cherish OS မှာတော့ Gapps version သာ ပါ၏။ Alpha Droid လို MicroG, Vanilla version တို့ မပါဝင်နေပေ။

လောလောဆယ် Alpha Droid ၏ MicroG version ကို မျက်စိကျနေသးအဖို့ တခြား ဘယ် custom ROM ကိုမှ သွင်းဖြစ်ဦးမည်၊ သုံးဖြစ်ဦးမည် မဟုတ်ပေ။ ဆက်လက်ပြီး Evolution X နေဦးမည်။

Mi 9 lite အတွက် Custom ROM တွေ မရေးပေးတော့လည်း မရေးပေးလို့၊ ရေးပေးပြန်တော့လည်း ရွေးရ ပြုရ ခက်နေခဲ့တော့၏။ Developer ကို ကျေးဇူး တင်ပေမယ့် ရွေးစရာတွေ ရှိနေတော့ အဆာကျယ် ချင်သူများအဖို့ ကောင်းလည်း ကောင်းသလို ကောင်းလည်း မကောင်းပေ။ update တွေ လာနေသရွေ့ ကျနော်လည်း တင်ပစ်လိုက်ပါဦးမည်။

ပေါချက် | Ecency