New Season

Words
216
Reading
1 min
Listen
Play
7y

t5n9axz4v5.jpg

Mobile Legend ကတော့ တရာသီပြီးလို့ နောက်တရာသီတောင် ပြန်စေနေပြီ ဖြစ်၏။ ယခင် ရာသီက Epic IV နှင့် သိမ်းခဲ့သည့် ကျနော် ယခု ရာသီ အစမှာ တော့ Grand Master III ထိ Rank ချ ခံလိုက်ရ၏။ Rank ချခံရမည်မှန်း သိပေမယ့် ယခုလောက်ကြီး အထိ ကျသွားလိမ့်မည်ဟု မထင်မှတ်ထားမိပေ။ ယခင် ရာသီတွေတုန်းက ကိုယ်မှ မဆော့သေးတာကိုး။ တခါမှ Rank ချတာ မခံရဖူးသေးလို့လည်း ဖြစ်မည် ထင်၏။ တရာသီ ပြီးတိုင်း Rank က ချနေကြ ဖြစ်၏။ သို့မှလည်း ပိုပြီး ဆွဲဆောင်မှု ရှိမည်ကိုး။

ML ဆော့သူတိုင်း တရာသီ ပြီးတိုင်း Rank ချခံရ၏။ Level (5) ဆင့်လောက်ထိကို ချ၏။ သက်ဆိုင်ရာ Rank အနိမ့် အမြင့်ပေါ် မူတည်ပြီး Rank ကျကုန်ကြ၏။ အားလုံး တန်းတူပင်။ ရာသီမသိမ်းခင်ကတည်းက Rank မဆော့တော့ဘဲ Classic ပဲ ဆော့ ဖြစ်၏။ တော်နေကြာ Rank မှာ ကြယ်မရဘဲ level နိမ့်သွားသည့် အပြင် ရာသီသိမ်း Rank ချချိန်၌ ပိုပြီး level ကျသွားနိုင်သည် မဟုတ်လား။ ထို့ကြောင့် Rank မဆော့တော့ဘဲ Classic ပဲ ဆော့နေခြင်း ဖြစ်၏။ ရာသီ သိမ်းခါနီးမှ Rank ပွဲစဉ်များကလည်း တောက်လျှောက်ကို ရှုံးပွဲတွေနှင့်ပဲ ကြုံနေရသည်ကိုး။

pn9cir6e2h.jpg

ထို့ကြောင့် Rank ဆက်မဆော့တော့ဘဲ Classic ပဲ ဆော့နေခဲ့ခြင်း ဖြစ်၏။ ရာသီ ပြန်စပြန်တော့လည်း Rank မဆော့သေးဘဲ Classic ပဲ ဆက်ဆော့နေဖြစ်ပြန်၏။ Heroes လည်း စမ်းကြည့်နေရင်းနှင့်ပေါ့။ ယခုရာသီ အစမှာ Hero ထပ်ဝယ်ထား၏။ ဘာ Hero ၀ယ်လို့ ၀ယ်ရမှန်း မသိ ဖြစ်နေသဖြင့် marksman အမျိုး အစား hero ၀ယ်လိုက်၏။ ယခင်က marksman အမျိုးအစား တယောက် ၀ယ်ထားပြီးပြီ ဖြစ်၏။ ယခု ထပ်ဝယ်ထားသည့် marksman က moskov ဖြစ်၏။ သိပ်တော့ မဆော့ တတ်သေးပေ။

ယခင် ၀ယ်ထားသည့် marksman ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မကိုင်တတ်သေးပေ။ တကယ်တမ်း ပြောရလျှင် ကျနော်က marksman မကျွမ်းပေ။ Tank နှင့် Mage ပဲ ကိုင်တတ်၏။ ဒါတောင် အထာကျကျ မကိုင်တတ်သေးပေ။ Tank Mage အမျိုးအစား heroes အားလုံး မကိုင်တတ်သေးပေ။ heroes အနည်းငယ်လောက်ကိုသာ ဆော့ကစား တတ်သေး၏။ ဒါကလည်း ဆော့ကစားချိန် နည်းနေသေးလို့လည်း ပါမည် ထင်၏။ နောက်ပိုင်း အချိန် အနည်းငယ် ကြာလာသည့် အခါတော့ တမျိုးတဖုံ ပြောင်းလဲ လာနိုင်မည် ထင်၏။

အားချိန်မှာ အပန်းဖြေသည့် အနေနှင့် ဆော့ကစားရင်း Rank လေး ပြန်တက်လာအောင် လုပ်ဆောင်ရပေလိမ့်ဦးမည်။ ယခုတကြိမ်မှာတော့ ခပ်မြန်မြန် Rank တက်ပြီး ထိုတက်သည့် အဆင့်ကို ထိန်းထားနိုင်ဖို့ မျှော်လင့်နေမိ၏။

Don Jaun

MSC 31

New Season | Ecency