Mi Max (Chapter 4)

Words
212
Reading
1 min
Listen
Play
4y

ကျနော် ရောက်သွားချိန် သူငယ်ချင်းက ဆိုင်မှာ မရှိ။ သို့နှင့် စောင့်ရ၏။ စောင့်ရုံပေါ့။ သူက ph ပြင်သည့် အပြင် ကား ဝယ်ရောင်းလည်း လုပ်၏။ point လေး တခု တည်နေလို့ဆိုလားပဲ။ စောင့်နေတာ အတော်ကြာသွားခဲ့ပြီ။ နေ့လည်စာ စားချိန်လည်း နီးလာခဲ့ပြီ။ ဗိုက်လည်း ဆာလာ၏။ ဗိုက်ဆာ နေပေမယ့် ခုလို တခုခု အဆင် မပြေ ဖြစ်နေတာမျိုးကို သဘောမကျ၊ မြန်မြန်ဆန်ဆန်လေး အဆင်ပြေ သွားချင်မိ၏။

တချို့က အိမ်မှာ ပစ္စည်းတွေ ရှုပ်ပွနေရင် မနေတတ်သလို၊ ကျနော်ကကြ ph တို့ computer တို့ တခုခု ဖြစ်နေခဲ့ရင် မရမချင်း လုပ်တတ်၏။ ပြီး စိတ်ကလည်း ဒီအကြောင်းအရာကိုပဲ အာရုံ ရောက်ရောက် နေတတ်၏။ တခါတလေ ညနက် သန်းခေါင် ကျော်ပြီး မိုးလင်းပေါက် အထိ လုပ်ခဲ့တာမျိုးတွေလည်း ရှိ၏။ error တွေ မရှိတော့ဘူး ဆိုမှ ဘဝင်ကျ စိတ်ချမ်းသာလေ့ ရှိ၏။

ခုလည်း ဗိုက်ဆာပေမယ့် ph ကိစ္စ အဆင်ပြေ သွားဖို့သာ စိတ် စော(ဇော) နေ၏။ ဒါပေမယ့် အမေက နေ့လည်စာ ဟင်းကပ် အဖြစ် ငါးပိရေကြို ဝယ်လာပေးဖို့ မှာထား၏။ ဒီအတိုင်းဆို အိမ်ကို ပြန်မှ ရပေလိမ့်မည်။ ပြီးမှပဲ ပြန်လာခဲ့မယ်ဟု ဆိုင်က တယောက်ကို မှာပြီး ငါးပိရေကြို ဝယ်ရန် ထမင်းဆိုင်သို့ သွား၏။ ငါးပိရေကြို ဝယ်ပြီး နောက် အသိတယောက်၏ computer ဆိုင်ကို သတိ ရသွား၏။

တခြားတော့ မဟုတ်။ ပစ္စည်းလေး တခုကို သတိရသွားလို့ ဖြစ်၏။ adb driver မသိသည့် ကိစ္စကို ဖြေရှင်းဖို့ google ခေါက်တုန်းက custom recovery ကို pc, laptop မရှိရင်လည်း သွင်းလို့ ရကြောင်း video လေး တခု တွေ့ထားသောကြောင့် ဖြစ်၏။ အခြား ph တလုံးကနေ flash ယူလို့ ရ၏။ ပြောရရင် ph ကို pc အစား သုံးသည့် သဘောမျိုးပေါ့။ ထို အတွက် app တခုနဲ့ Otg connect kit (type c to usb အစရှိသဖြင့်) လေး တခုသာ လို၏။ ထိုနည်းနဲ့ စမ်းကြည့်လိုသောကြောင့် အသိ၏ computer ဆိုင် ဝင်လိုက်၏။ လမ်းလည်း သင့်နေသည်ကိုး။

ကံကောင်းချင်တော့ ကျနော် လိုအပ်နေသည့် otg connect kit မျိုးရ၏။ အိမ်ပြန်ရောက်ရင် စမ်းကြည့်ဖို့သာ ကျန်တော့၏။ Tutorial video လေးကြည့်ပြီး လုပ်ရုံပင်။ နောက်ထပ် ဘယ် error မှ ထပ်မကြုံရဖို့ မျှော်လင့် မိ၏။ ဒါပေမယ့် firmware တင်လို့ မပြီးမချင်းကတော့ error တခုမဟုတ် တခု တွေ့ဦးမှာ အသေအချာပင်။ အမှန်တော့ firmware တင်ပြီးရင်တောင် bugs တွေ lags တွေ တွေ့ရတတ်သေးသည် မဟုတ်လား။

ဆက်ရန်

Mi Max (Chapter 4) | Ecency