Keep Moving Forward Portugal

Words
197
Reading
1 min
Listen
Play
2M

အိမ်ရှင် USA vs Bosnian and Herzegovina ပွဲစဉ်မှာတော့ USA က ၂-၀ ဖြင့် အနိုင်ရပြီး ၁၆ သင်းအဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ ၄၅ မိနစ်မှာ USA ဦးဆောင်ဂိုး စတင် ရရှိ၏။ ၆၄ မိနစ်မှာ ဦးဆောင်ဂိုး သွင်းသည့် Balogun တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံရ၏။ တယောက်လျော့ USA ကို Bosnia and Herzegovina တို့ ချေပဂိုး ပြန်လည် မသွင်းယူနိုင်ဘဲ USA ကသာ အနိုင် သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို ၈၂ မိနစ်မှာ Free-kick ကနေ တဆင့် ထပ်မံသွင်းယူခဲ့လေ၏။

Spain vs Austria ပွဲစဉ်မှာတော့ Spain အသင်းက ၃-၀ ဖြင့် အနိုင်ရပြီး ၁၆ သင်း အဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ ၃၆၊ ၆၆၊ ၈၉ မိနစ်တွေမှာ ဂိုးတွေ သွင်းယူခဲ့ခြင်း ဖြစ်၏။ Spain အနေဖြင့် Austria ကို ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားသွားခဲ့လေ၏။

မနက် ၅ နာရီခွဲမှာ ကစားခဲ့သည့် Portugal vs Croatia ပွဲစဉ်က တကယ်ကို့ ‌ကြည့်ကောင်းခဲ့၏။ ဦးဆောင်ဂိုးကို ၅၃ မိနစ်မှာ Croatia က အရင်သွင်း၏။ ၆၈ မိနစ်မှာ ပင်နယ်တီမှ တဆင့် Portugal က ချေပဂိုး သွင်း၏။ ၈၀ မိနစ်မှာ Croatia အသင်း ဂိုးရခဲ့ပေမဲ့ လူကျွံနေခဲ့၏။ ၈၁ မိနစ်မှာ Ronaldo ကို လူစားလဲခဲ့၏။ လူစားလဲ ခံရချိန် Ronaldo ၏ မျက်နှာမှာ အမူအရာတွေ အများကြီး ပေါ်လွင်နေ၏။ ငယ်တုန်း ရွယ်တုန်းကဆို မထွက်ဘူး ဘာညာနဲ့ ပေါက်ကွဲ ပြနေမယ် ထင်ပါရဲ့။

အသက်အရွယ်ရလာသလို ရင့်ကျက်မှုတွေလည်း ရှိလာပြီမို့ အသာတကြည်ပဲ သူ လူစားလဲခဲ့၏။ ဘယ်အသက်အရွယ် ရှိရှိ အောင်မြင်မှုကို ဆာလောင်သည့် နေရာမှာတော့ Ronaldo ကို မှီသည့်လူ ရှားပေလိမ့်မည်။ ၉၀+၄ မိနစ်မှာ Portugal တို့ ဦးဆောင်ဂိုး ရသွားခဲ့၏။ Leao ၏ ဖြတ်တင် ပေးပို့မှုကနေ တဆင့် Ramos က ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်း ဖြစ်၏။

၉၀+၁၃ မိနစ်မှာ Croatia တို့ ချေပဂိုး ပြန်လည် သွင်းယူ၏။ သို့ပေမဲ့ VAR ဆုံးဖြတ်မှု အရ လူကျွံဘော အဖြစ်သာ သတ်မှတ်ခဲ့သဖြင့် Croatia တို့၏ လက်ကျန် မျှော်လင့်ချက် မရှိတော့ပေ။ မိနစ်ပိုင်းမှာပဲ ပွဲပြီးဆုံးသွားခဲ့၏။ Portugal အနေဖြင့် ၁၆ သင်းအဆင့်မှာ Spain အသင်းနဲ့ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

(photos from FIFA World Cup page)

Keep Moving Forward Portugal | Ecency