Home Stay (Chapter 56)

Words
263
Reading
2 min
Listen
Play
6y

85ptci.jpg

တလောက MSC chat group မှားလို့ MHC group မှာ ကိုဟိန်းက crypto tab browser အကြောင်း ပြောတော့ ဒီနေ့ ထို browser လေးကို ဖွင့်ကြည့်ဖို့ သတိရ၏။ ထို browser ကို ကျနော့် laptop မှာ သွင်းထား၏။ ဟိုးယခင်တုန်းကတော့ စက်ကို သူငယ်ချင်းဆိုင် သယ်သွားပြီး အဆိုပါ browser ကို သုံး၏။ ဒီအတိုင်း miming လည်း လုပ်ထား၏။ ထို့ပြင် သူငယ်ချင်းဆိုင်က စက်တွေမှာပါ ထို browser ကို run ထား၏။ ဒါက ထို browser အကြောင်းကို ကောင်းကောင်း မသိခင်က ဖြစ်၏။ ထိုစဉ်က ပြန်ရမှာကိုပဲ စဉ်းစားခဲ့သည်ကိုး။ အကြောင်းအရာ တော်တော်များများမှာ အကျိုး အပြစ် ဆိုပြီး ရှိတယ် မလား။

အကျိုးကိုပဲ စဉ်းစားခဲ့ပြီး အပြစ်မရှိနိုင်ဟု ထင်ခဲ့မိ၏။ အပြစ်က ရှိနေခဲ့၏။ အခြားတော့ မဟုတ်၊ ရေရှည် အသုံးပြုခြင်းကနေ မိမိ၏ computer, phone တွေ၏ စွမ်းဆောင်ရေတွေ ကျလာနိုင်၏။ သူက Mining လုပ်ချင်းပဲကိုး။ ထို့ကြောင့် အချိန်ကြာလာလျှင် မိမိ electronic device တွေ၏ စွမ်းဆောင်ရေပိုင်းနှင့် ပတ်သက်ပြီး ပြဿနာ ရှိလာနိုင်၏။ ဒီအကြောင်းကို အစပိုင်းက မသိခဲ့ပေ။ အသိ အကိုတယောက်၏ ပြောပြမှုကြောင့် ထို အကြောင်းကို သိခဲ့ခြင်း ဖြစ်၏။ ထို့နောက်ပိုင်းမှာတော့ အဆိုပါ crypto tab ကို မသုံးဖြစ်တော့ပေ။ မသိခင်တုန်းက refer ရှာ ပိုစ့်တွေ တင်ခဲ့မိပေမယ့် သိသွားသည့်နောက်ပိုင်းတော့ အဆိုပါ crypto tab နှင့် ပတ်သက်ပြီး ထပ်မတင်တော့ပေ။

h5dy0p.png

d8vxit.png

ဒါတောင် refer တော်တော် ရလိုက်သေး၏။ ရသည် ဆိုပေမယ့်လည်း active မဖြစ်ကြတော့ သိပ်တော့ မရပေ။ ကျနော်တို့ အများစု (Online ငွေရှာသူ အများစုက ကောက်ရိုးမီးဆန်သည် မဟုတ်လား) က သိပ်ပြီး စိတ်မရှည်ကြဘူးကိုး။ အရလည်း နည်းတော့ ရေရှည်မှာ စိတ်မဝင်စားကြတော့ပေ။ ကျနော်လည်း ပစ်ထားလိုက်တော့၏။ အစောပိုင်းတုန်းက ကျနော့် အစီအစဉ်က crypto tab နှင့် btc ရသလောက် စုထားမည်။ ထုတ်လို့ ရသည့် ပမာဏလောက် ရသည်နှင့် တခါတည်း freebit site ကို ပို့မည်ပေါ့။ freebitco.in က (၁) နာရီ တခါ btc free ပေးသည့် site ဖြစ်၏။

အပေးနည်း၏။ သို့ပေမယ့် သက်တမ်းအားဖြင့်တော့ အတော်လေး ကြာနေပြီ ဖြစ်၏။ free claim လို့ရသည့်အပြင် ဂိမ်းတွေလည်း ဆော့ကစားလို့ ရသေး၏။ ကျနော်ကတော့ btc သာ သီးသန့် စု၏။ ဂိမ်းမကစားဖြစ်ပေ။ အမှန်တော့ မကစားတတ်ခြင်း ဖြစ်၏။ အစပိုင်းတုန်းက သူ့မှာ အတိုး အစီအစဉ် မရှိပေ။ သို့ပေမယ့် နောက်ပိုင်းမှာတော့ အတိုးပါလာ၏။ သူတို့ သတ်မှတ်ထားသည့် ပမာဏ ဘယ်လောက်ဆိုလျှင် အတိုး ဘယ်လောက်ဆိုပြီးတော့ပေါ့။

ကျနော် free စုလာခဲ့သည့် btc က 0.002 လောက်တော့ ရှိ၏။ 0.0003 ဆိုလျှင် အတိုး စပေးပြီ ဖြစ်၏။ 0.002 ဆိုတော့ နေ့စဉ် အတိုးက 0.0000 0025 လောက်တော့ ရ၏။ 0.002 ကနေ များလာခဲ့မည်ဆိုလျှင် အတိုးကလည်း တဖြည်းဖြည်း များလာမည် ဖြစ်၏။ 1 btc သာ ရှိမည်ဆိုလျှင် သာသာ ယာယာ အတိုးလေး ထိုင်ထုတ်နေရုံသာပင်။ ဒီနေ့ crypto tab မှာ ရှိနေသည့် btc အနည်းငယ်ကို ထုတ်ပြီး အဆိုပါ freebitco.in ကို ပို့လိုက်၏။ နည်းပေမယ့်လည်း တချိန်ချိန်ကို မျှော်လင့်ရင်းပေါ့လေ။

Don Jaun

Home Stay (Chapter 56) | Ecency