Haaland

Words
203
Reading
1 min
Listen
Play
3M

ဒီနေ့ မနက် ၂ နာရီခွဲမှာ ကစားသွားသည့် Brazil vs Norway တို့ရဲ့ ၁၆ သင်းဆင့် ပွဲစဉ်မှာ Norway အသင်းက ၁-၂ ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်း သွားခဲ့ပါတယ်။ ပွဲ စိုးမိုးနိုင်ခွင့်ကို Brazil တို့ အရင် ရခဲ့တာပါ။ ၁၄ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကိုသာ ဝင်အောင် သွင်းခဲ့မယ်ဆိုရင် ဒီပွဲဟာ Brazil တို့ ပွဲ ဖြစ်သွားခဲ့မှာပါ။ ကံတရားက Brazil တို့ကို အရင် မျက်နှာသာ ပေးခဲ့တာပါ။ ဒါပေမဲ့ ပင်နယ်တီ လွဲချော်မှု နှင့်အတူ ကံတရားက Norway အသင်းဘက် ပြန်လှည့်သွားခဲ့ပါတယ်။

ဘောလုံး ပိုင်ဆိုင်မှုမှာ Norway က သာတယ် ဆိုပေမဲ့ ဂိုး ရရှိနိုင်ချေမှာတော့ Brazil က ပိုခဲ့ပါတယ်။ ဂိုးရနိုင်ချေ များပေမဲ့ ဂိုး မဖြစ်သွားတာက ဆိုးနေတာပါ။ ဂိုးပေါက်တည့်မှု အကြိမ် အရေအတွက်ခြင်းက မကွာပါဘူး။ ပွဲရဲ့ အဖြေကို ပြောင်းလဲ သွားစေတာက Brazil အသင်း ပင်နယ်တီ လွဲချိန်က စတာပါပဲ။ ပိုပြီး သိသာသွားစေတာကတော့ မိနစ် ၈၀ နောက်ပိုင်းပါ။

၇၉ မိနစ်မှာ Norway အသင်း အတွက် အဖွင့်ဂိုးကို Haaland က သွင်းယူပေးခဲ့ပါတယ်။ ၉၀ မိနစ်မှာ အနိုင်သေချာစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို Haaland ကပဲ သွင်းယူပေးခဲ့ပြန်ပါတယ်။ Norway အသင်းရဲ့ အလှည့်အပြောင်းက ဒုတိယပိုင်း အစမှာ လူငယ်ကစားသမား Schjelderup ကို လူစားလဲ ထည့်သွင်း ကစားစေခဲ့ခြင်းလို့ ပြောရမှာ ဖြစ်ပါတယ်။ Norway ရဲ့ သွင်းဂိုး ၂ ဂိုးလုံးကို သူပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

Brazil အတွက် မျှော်လင့်ချက်က မရှိသလောက် ဖြစ်သွားခဲ့ပါပြီ။ ၉၀+၁၀ မိနစ်မှာ Brazil တို့ ပင်နယ်တီ ထပ်မံ ရရှိပါတယ်။ ဒီတကြိမ် ပင်နယ်တီကိုတော့ ၆၇ မိနစ်မှာ လူစားဝင်တဲ့ တိုက်စစ်မှူး Neymar က အမှားအယွင်း မရှိ သွင်းယူ သွားခဲ့ပါတယ်။ ဒီဂိုးသာ အချိန်စော ရခဲ့မယ်ဆိုရင် Brazil တို့ အတွက် မျှော်လင့်ချက် ရှိနိုင်ပါသေးတယ်။ သို့ပေမဲ့ ပွဲပြီးချိန် နီးကပ်သွားပြီမို့ ၁၆ သင်း အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတော့တယ်။

တိုက်စစ်မှူး Neymar အတွက်တော့ နောက်ဆုံး ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကနေပဲ ထွက်ခွာခဲ့ရလို့ စိတ်မကောင်း စရာပါ။ Norway တိုက်စစ်မှူး Haaland အတွက်ကတော့ သွင်းဂိုး ၂ ဂိုး ထပ်မံ ရရှိခဲ့တာမို့ လက်ရှိမှာ သွင်းဂိုး ၇ ဂိုးဖြင့် Mbappe, Messi တို့ နှင့်အတူ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။

(photos from FIFA World Cup page)

Haaland | Ecency