Friendly Match

Words
170
Reading
1 min
3M
Listen to this post
~1 min

တကယ် ပြောတာ။ ဘောလုံး အကြောင်းတွေ အရေးများခဲ့တာကြောင့် ဘာရေးလို့ ရေးရမယ် မသိပေ။ ဒီနေ့ပဲကြည့် မနက် ဆွမ်းလောင်းပြီး ကတည်းက စာရေးမယ် လုပ်ထားတာ ဘာရေးရမယ်မှန်း မသိနေတာနဲ့ Facebook Timeline ကိုပဲ အထက်အောက် ဆွဲပွတ်နေမိပါလေရော။ ပိုစ့် တင်ရမယ့် အချိန် ရောက်နေပြီမို့ ဘာဖြစ်ဖြစ် တခုခုတော့ ရအောင်ရေးရပေလိမ့်မည်။

ဘောလုံးပဲ မရမက ရှာကြံရေးရအောင်ကြ ပွဲတွေက မရှိနေပေ။ အဲ ချစ်ကြည်ရေး ခြေစမ်းပွဲတွေတော့ ရှိတယ်။ မနေ့ညကဆို Man United အသင်း Norway Club Rosenborg အသင်းနဲ့ ခြေစမ်းပွဲ ကစားတယ် ၀-၅ နဲ့ နိုင်တယ်။ အဲ့ဒါကို ရေးရအောင်ကြပြန်တော့ ခြေစမ်းပွဲ ဆိုတဲ့အတိုင်း ပွဲက အကြိတ်အနယ် မရှိပေ။ ပြီး ခြေရည်တူ အသင်းချင်းလည်း မဟုတ်ပေ။ ထိုသို့ပြော၍ Rosenborg က မကောင်းဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ United ရဲ့ ပြိုင်ဘက် မဟုတ်နေဘူးလို့ ဆိုချင်တာပါ။

သိပ်လည်း မပြောရဲ။ ရာသီသစ်ရဲ့ ပထမဆုံး ခြေစမ်းပွဲ Wrexham နဲ့ ပွဲမှာ ၀-၁ ဖြင့် ရှုံးထားသေး၏။ Championship က အသင်းကို တိတ်တိတ်လေး ကပ်ရှုံးနေလိုက်သေး၏။ ခြေစမ်းပွဲတွေမို့ နည်းပြက ကစားကွက်၊ ကစားသမား စမ်းသပ်သည့် ပွဲတွေဟု ပြောလို့ရ၏။ ကစားသမား အသစ်တွေနဲ့ လူငယ် ကစားသမားတွေကို ပို၍ ပွဲထုတ်လေ့ ရှိ၏။ ရာသီကြို ခြေစမ်းပွဲတွေကနေ အသင်းရဲ့ လူငယ် ကစားသမားတွေကို အရောင်တင်ပေးရမည် မဟုတ်လား။

ဒီရာသီမှာ ကွင်းလယ်ပိုင်း ဖြည့်တင်းမှုကို ခပ်မြန်မြန်ပဲ လုပ်ဆောင်ထား၏။ လက်ရှိ ခေါ်ယူထားမှုတွေကို သိပ်တော့ အားမရပေမဲ့ မဆိုးပါဘူးဟု ပြောရမည်။ တဆိတ်ရှိ လူဝယ်နေတာထက် မိမိအသင်းက လူငယ် ကစားသမားတွေကိုလည်း အခွင့်အရေးပေးသင့်သည် မဟုတ်လား။ ကိုယ့်ဆီက ထွက်သွားပြီးမှ ဈေးကြီးပေးပြီး ပြန်လိုက်ဝယ်ရသည့် သာဓကတွေလည်း အတိတ်မှာ ရှိခဲ့သည် မဟုတ်လား။

ဒီရာသီမှာတော့ မနှစ်ကထက် ပိုမိုသာလွန် ကောင်းမွန်တဲ့ ခြေစွမ်း၊ ရလဒ်တွေ ပြသ ရယူနိုင်မယ်လို့ မျှော်လင့်မိပါ၏။ Arsenal ပရိတ်သတ်တွေ ပျော်ရွှင်တာမြင်ရတော့ ကိုယ်တွေလည်း ပျော်ချင်တာပေါ့။ အတိတ်မှာ ပျော်ခဲ့ရတာက လက်ရှိ အခြေအနေကို ကာမိမှာ မဟုတ်ပေ။ လက်ရှိက လက်ရှိပဲလေ။ နောက်ဆုံးတော့လည်း ပိုစ့်တင်ဖို့ ဘောလုံး အကြောင်းပဲ မပါ ပါအောင် ထည့်ရေး မိလိုက်ပြန်ပါရော။

(photos from Manchester united page)

Friendly Match | Ecency