FIFA World Cup Fantasy

Words
184
Reading
1 min
Listen
Play
3M

မကြာမီ FIFA World Cup လာတော့မယ်။ World Cup မှာလည်း EPL ၏ FPL လို FIFA World Cup Fantasy ဆိုပြီး ဂိမ်း အစီအစဉ် ပါလာခဲ့၏။ World Cup ကြည့်ရင်း အပျင်းပြေ ဂိမ်းလေးပါ ကစားမယ် ဆိုပြီး အသင်း ဖွဲ့လိုက်၏။ FPL မှာလိုပဲ ၁၀၀ ပေးထား၏။ ထို ၁၀၀ နဲ့ ကစားသမား ၁၅ ယောက် ဝယ်ရ၏။ ထုံးစံအတိုင်း မလောက်ပေ။ မလောက်လည်း လောက်အောင် ရှာကြံပြီး ရအောင် ဝယ်ရ၏။

FPL ကစားဖူးသူတွေ ဆိုရင်တော့ နားလည်ပြီးသား သိပြီးသား ဖြစ်မှာပါ။ တသင်းထဲက ကစားသမား ၃ ယောက်ထက် ပို၍ ခေါ်ယူခွင့် မရှိပေ။ ဘယ်နိုင်ငံအသင်း ပရိတ်သတ်မို့ ဆိုပြီး တနိုင်ငံထဲက ကစားသမားတွေ ဇွတ်ထည့်လို့ မရပေ။ ပြီး ပေးထားသည့် ပမာဏနဲ့ လောက်အောင် စီစစ်ရပြန်သေး၏။ ကစားသမားတွေအကြောင်း အတော်အသင့်သိမှ အဆင်ပြေ၏။ ကျနော့်လို နည်းနည်းပဲ သိသူ အဖို့ Google ခေါက်ရ၏။

ဒီနှစ် World Cup ကို Ronaldo ကို ရစေချင်မိ၏။ ထို့ကြောင့် Favorite team ကို Portugal ရွေးထားပြီး Portugal ကစားသမား ၃ ယောက်ထိ ရွေးချယ်ထား၏။ ကျနော့် အသင်း၏ နိုင်ငံ ကိုယ်စားပြု ကစားသမားတွေ တချက် ပြောပြလို၏။ Portugal ၃ ယောက်၊ Argentina ၁ ယောက်၊ England ၂ ယောက်၊ Belgium ၂ ယောက်၊ Canada ၂ ယောက်၊ Columbia ၂ ယောက်၊ Morocco ၁ ယောက်၊ Germany ၁ ယောက်၊ Scotland ၁ ယောက် တို့ ဖြစ်၏။

GK ကိုတော့ Martinez, Vargs ရွေးထား၏။ Defense ကိုတော့ Hakimi, Nuno Mendes, Kimmich, Meunier, Fougerolles တို့ ဖြစ်၏။ Midfielders အဖြစ် Bruno Fernandes, Rice, Doku, Diaz, Mc Tominay တို့ ဖြစ်၏။ Attackers (Forward) အနေဖြင့် Kane, Ronaldo, David တို့ ရွေးချယ်ထား၏။ ကိုယ်တိုင် League ထောင်ဖို့ထက် အခြား League တွေ လိုက် join ဖြစ်မယ် ထင်ပါ၏။ World Cup နီးမှ ထပ်လာ ပြောပါဦးမယ်။

FIFA World Cup Fantasy | Ecency